မြောက်ဒဂုံက အေတီအမ်စက်ထဲ ရောက်နေတဲ့ မြွေသူတော်ကောင်းကြီး အကြောင်း ဒဲ့ရှင်းပြီ

မနေ့က အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အေတီအမ်မြွေကြီးကိစ္စရဲ့ အကြောင်းရင်းဇစ်မြစ်ကို မျက်မြင်သိရှိတဲ့သူက ဒဲ့ရှင်းလိုက်ပါပြီ။ ဓာတ်ပုံရိုက်ခဲ့တဲ့သူ ကိုယ်တိုင် ရေးသားထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

“ကဲ ကဲ စလာပါပြီ ဇာတ်လမ်းက ကျွန်မ မနက်က အိမ်ယာထဲက မုန့်ဆိုင်အိမ် မြွေဝင်တာကို ဝင်းထဲက လုံခြုံရေးတွေနဲ့ ၄ ယောက်လောက် မြွေကို ဖမ်းပြီး ဝင်းထဲက အေတီအမ် စက်ထဲ ထည့်ထားတာပါ ခဏ။ အဲဒါကို အောက်ဆင်းရင်း အပျော်သဘော ကျွန်မမြွေကို ပုံရိုက်တင်ပါတယ်။

လာမေးတဲ့ လူတွေလည်း ရှိသလို နောက်ပြောင်နေကြတာတွေလည်း အများကြီးပါ။ ကျွန်မတင်တာက အေတီအမ် စက်ပေါ် ရှိနေတဲ့မြွေကို ဟာသအနေနဲ့တင်တာပါ။ ရှင်းပါတယ်နော်။ ဘာရည်ရွယ်ချက်မှ မပါဘူး။

ဒါကို ကျွန်မရဲ့ ပုံကို ဖြတ်ညှပ်ကပ်လုပ် ပြန်ကူးယူပြီး ခရစ်ဒက် မပေး စောင်တစ်လွဲ ခေါင်းစဉ်ကြီးနဲ့ ကြောင်ငယ်တစ်ကောင်ကို မြိုထားပြီတဲ့ ဘာတို့တင်ပြီး အတန်ရှည်ရှာနေတဲ့ မီဒီယာများ နည်းနည်းရှက်ကြပါဦးနော် တစ်ယောက်ပြီး တစ်ယောက်လာပြမှ သိရလို့ပါ။

မြွေက မြွေသူတော်ကောင်းပါ။ ဘာကြောင်ငယ်မှမမြိုထားပါနော်။ သူ့ကိုကိုင်ကြည့်တာတောင် ဘာမှပြန်မလုပ်ပါဘူးနော်။ ခုလည်း အိမ်ရာသာယာရေးရုံးက တွံတေးက ဘုန်းကြီးကျောင်း ပို့လိုက်ပါပြီနော်။ သွားပို့တော့အဲဒီမြွေက အဲဒီကျောင်းမှာ ဒုတိယအကြီးဆုံးပါပဲတဲ့။ အဲ့ထက်ပိုသိချင်ရင် သာယာရေးရုံးပဲ လာစုံစမ်းကြတော့ ဟုတ်တယ် (May Htet Htet Thu)”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page