အချောင် မဟုတ်ဘဲ ကမ္ဘာ့အအောင်မြင်ဆုံးဖြစ်လာတဲ့ လူတွေရဲ့ အမူအကျင့်ကောင်း (၈) ခု

ကမ္ဘာမှာ အအောင်မြင်ဆုံးလူတွေရဲ့ အကျင့် ၈ ခု၊ အကျင့်တစ်ခုစွဲသွားဖို့ အချိန် ၂၁ ရက်ကြာပါတယ်။ ဒါဆိုရင် သင်ဘာလုပ်ရမလဲ။ ကမ္ဘာမှာ အအောင်မြင်ဆုံးလူဖြစ်လာတယ်ဆိုတာ အချောင်ဖြစ်လာတာ မဟုတ်ဘူး။ ကံကောင်းလို့လည်း မဟုတ်ဘူး။ ကြိုးစားခြင်း၊ လုံ့လဝီရိယရှိခြင်းနဲ့ ထိရောက်တဲ့အကျင့်တွေရှိကြလို့ပါ။ သူတို့ရဲ့အကျင့်တွေကို အတုခိုးလိုက်နာလုပ်ရင် သင်လည်း အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ဂျက်ဒေါ်ဆေးဟာ မနက်တိုင်း ပုံမှန်လုပ်တဲ့ အကျင့်တစ်ခုရှိတယ်။ ဂျက်ဒေါ်ဆေးဟာ တွစ်တာ နဲ့ ဘလော့ (ငွေစာရင်းတွက်ချက်ပေးတဲ့ ကုမ္ပဏီ) ကို ပူးတွဲတည်ထောင်ခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၄.၆ ဘီလီယံဖြစ်တယ်။

သူ့ရဲ့အကျင့်က ဘာလဲ။ နှိုးစက်နာရီမှာ မနက်ထဖို့ alarm ပေးထားပါ။ နိူးစက်နာရီမြည်ရင် ပိတ်ပြီး ပြန်မအိပ်ပါနဲ့။ ညက အိပ်ရာဝင်တာ နောက်ကျလို့ဆိုပြီး ထရမယ့် အချိန်ကို မပြောင်းပါနဲ့။ အောင်မြင်သူတွေဟာ မနက်စောစော အချိန်မှန်ထပြီး မနက်ခင်းကို သူတို့အတွက် အလွန်အရေးကြီးတယ်လို့ ခံယူကြတယ်။

ကလင့်အိစ်ဝုဒ်ဟာ နှစ်ပေါင်း၄၀ကြာအောင် ကမ္မဋ္ဌာန်းထိုင်တယ်။ ကလင့်အိစ်ဝုဒ်ဟာ A fistful of dollars ရုပ်ရှင်ကားနဲ့ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသားဖြစ်ခဲ့တယ်။ နောက်တော့ ယနေ့အချိန်ထိ အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေဆဲပါ။

သူဟာ အောင်မြင်တဲ့ ရုပ်ရှင်မင်းသားဖြစ်ချိန်မှာ ရုပ်ရှင်ကားတွေ မနားတမ်းရိုက်နေရလို့ စိတ်အေးချမ်းမှုမရဘဲ စိတ်ဖိစီးမှုဖြစ်နေတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ တစ်နေ့ ၂ ကြိမ် ကမ္မဋ္ဌာန်းထိုင်တယ်။ အနှစ် ၄၀ တိုင်တိုင် နေ့စဉ် မပျက်မကွက်လုပ်ခဲ့တယ်။

ဘီလ်ဂိတ်ဟာ စာအုပ်တွေအများကြီးဖတ်တယ်။ ယနေ့ကမ္ဘာ့အချမ်းသာဆုံးလူတွေမှာ အဆင့် ၅ ဖြစ်နေတဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ဟာ စာအလွန်ဖတ်တယ်။ တစ်နှစ်မှာ စာအုပ်ပေါင်း ၅၀ ဖတ်တယ်။ သူ့ရဲ့အသိဉာဏ်ကို စာဖတ်ခြင်းကရတယ်လို့ ပြောတယ်။ သူ့လိုစာအလွန်ဖတ်တဲ့ ဘီလျံနာသူဌေးကြီးတစ်ယောက်လည်းရှိတယ်။ ဝါရင်ဘတ်ဖက်ပါ။ ဘတ်ဖက်ဟာ တစ်ရက်ကို စာမျက်နှာ ၅၀၀ အထိ စာဖတ်တယ်။

အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုကို ၄၅ မိနစ်ကြာလုပ်တယ်။ သူက ပြောတယ်။ မနက်စောစော အိပ်ရာထပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တာဟာ တစ်နေ့တာလုံးကို စိတ်ရွှင်လန်းနေစေတယ်။ ကြုံလာသမျှ အခက်အခဲ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်စေတယ်။ ဒါကြောင့်မို့ မနက်တိုင်း ကိုယ်လက်လှုပ်ရှားမှုက ကမ္ဘာ့အရေးအခင်းကြီးတွေကို ဖြေရှင်းဖို့ အထောက်အကူပေးတယ်တဲ့။

ဆာရစ်ချတ်ဘရင်ဆန်ဟာ မနက်တိုင်း အစောကြီးထတယ်။ သူကပြောတယ်။ မနက် ၅ နာရီထတာဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်တယ်။ မနက်စောစောထရင် တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို ကြိုတင်စီစဉ်နိုင်လို့ အလုပ်တွေကို အေးအေးဆေးတေး နိုင်နိုင်နင်းနင်း လုပ်နိုင်တယ်တဲ့။ ကုမ္ပဏီရဲ့ CEO Tim Cook လည်း မနက်တိုင်း ၄ နာရီခွဲထပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တယ်။ အီးမေးတွေ ဖတ်တာ၊ ဖြေတာတွေလုပ်တယ်။

မတ်ခ်ဇူကားဘတ်ဟာ အလှူငွေမှန်မှန်ထည့်ဝင်လှူဒါန်းတယ်။ ဇူကားဘတ်ဟာ တလောကပဲ ဖေ့ဘုတ်က ရတဲ့ ဝင်ငွေရဲ့ ၉၉ ရာခိုင်နှုန်းကို လူမှုရေးအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့တယ်။ ဘီလ်ဂိတ်လည်း သူတို့လင်မယားတည်ထောင်ထားတဲ့ Mellida and Bill Gates Foundation ကို ဒေါ်လာ ၂၈ ဘီလီယံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ဒေါ်လာ ၂၈ ဘီလီယံလှူဒါန်းခဲ့တယ်။

စတိဗ်ဂျော့ဟာ ဦးစားပေးခြင်းအနုပညာကို တတ်မြောက်ထားတယ်။ ကွယ်လွန်သူ အပ်ပဲလ် ကုမ္ပဏီရဲ့ CEO စတိဗ်ဂျော့ဟာ အလုပ်တွေကို ခုလိုစဉ်းစားပြီး ဦးစားပေးရွေးချယ်ခဲ့တယ်။ “တကယ်လို့ ငါ မနက်ဖြန်သေတော့မယ်ဆိုရင် ဒီအလုပ်က အရေးကြီးသလား”

ဝါရင်ဘတ်ဖက်မှာ တီထွင်တတ်တဲ့ ဝါသနာတစ်ခုရှိတယ်။ ဝါရင်ဘတ်ဖက်ဟာ စိတ်ဖိစီးမှုများလာရင် ukulele ဟာဝေယံဂစ်တာကို ကောက်တီးတယ်။ အဲဒါကို တီးလိုက်ရင် စိတ်အပန်းပြေပြီး အကြံသစ်ဉာဏ်သစ်ပေါ်လာတယ်လို့ သူပြောတယ်။ မှတ်ချက်။ ဝက်ဆိုက်က “8 habits of the world’s most successful men” ဆောင်းပါးလေးကို မှီးရေးထားတာပါ။ ဗန်းမော်သိန်းဖေ၊ ၁၅-၀၁-၂၀၂၃

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page