သီချင်းအဆိုကောင်း၊ တီထွင်ဉာဏ်လည်းကောင်းတဲ့ အဆိုတော်မနောရဲ့ လျှပ်စစ်ကား
ပြည်သူတွေရဲ့ အချစ်တော် အဆိုတော်မနော်က ဆီထည့်စရာ မလိုဘဲ မောင်းနှင်လို့ရတဲ့ ကားကို ဖန်တီး ထုတ်လုပ်လိုက်ပြီလို့ လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားထားပါတယ်။
အဆိုတော် မနော တည်ထောင်ထားတဲ့ MZ Group ဓူဝံ စတိန်းလက်စတီးနဲ့ ဖိုက်ဘာဂလပ်စ်ကနေ ဆီထည့်စရာမလိုတဲ့ ကားလေးထုတ်လုပ်လိုက်ကြောင်း အခုလိုရေးသားထားတာပါ။
အဆိုတော် မနောက “ဆီထည့်မောင်းစရာမလိုသော ကားလေးနဲ့သွားရအောင်ဆိုင်မှာ လာပြီးကားပုံလေးအပ်လို့လုပ်ပေးလိုက်တယ်” လို့ပြောကြားထားပါတယ်။
အဆိုတော် မနော တီထွင်လိုက်တဲ့ လျှပ်စစ်ကားဟာ လျှပ်စစ်စက်ဘီး အမျိုးအစားဖြစ်ပြီး စက်ဘီးကဲ့သို့ ခြေနင်းလို့ရသလို ကားကဲ့သို့ ထိန်းကျောင်းမောင်းနှင်လို့ ရပါတယ်။
သီချင်းလည်း အဆိုကောင်း၊ တီထွင်ဉာဏ်လည်း ကောင်းတဲ့ အဆိုတော် မနောအနေနဲ့ ယခုထက်ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်ကားတွေကို ဆက်လက် ပြုလုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။