မြန်မာ့အိမ်ရှင်မတွေရဲ့ အသည်းကျော် အစုံသုံး အိုဗာတင်းပုလင်းတွေကို အနံ့ဖျောက်နည်း
မြန်မာ့အိမ်ရှင်မတွေရဲ့ အသည်းကျော် အစုံသုံး အိုဗာတင်းပုလင်းတွေမှာ အနံ့တွေ စွဲကျန်နေရင် ဖျောက်နိုင်တဲ့ နည်းလမ်းကောင်း တခုကို ဖော်ပြပေးလိုက်ပါတယ်-
မြန်မာ အိမ်ရှင်မလေးတွေ မီးဖိုချောင်သုံးအဖြစ် တော်တော်များများ မလွတ်ကင်းနိုင်ကြတာ အိုဗာတင်းဗူးလေးတွေ လို့ ပြောရင် မှားမယ် မထင်ဘူးနော်။
အကြော်အလှော်ထည့် မလား၊ ချဉ်ဖတ် မျိုးစုံစိမ် မလား၊ ပဲကြော်မျိုးစုံ ထည့်မလား၊ အစားစာ တစ်ခုခုထည့်ပြီး အဝေး ပေးလိုက် မလား၊ အိမ်က ကျောင်းသား၊ အဝေးရက်ရှည်အလုပ်သွားသူတွေ အတွက် ချဉ်ပေါင်၊ ဘာလချောင်၊ အခြောက်အခြမ်း ကြော်လှော် ထည့်ပေးမလား၊ ဆန်မှုန့်၊ ဂျုံမှုန့်၊ အမှုန့်မျိုးစုံ ထည့်သိမ်းမလား၊ ငပိရည်ကြို သိပ်ထည့်ထားမလား ကြိုက်သလိုသုံးလို့ရပါတယ်။
အဲတစ်ခုပဲ ထည့်သုံးတဲ့အစားအစာကုန်ရင် အနံ့စွဲကျန်နေခဲ့တာပါပဲ။ ထည့်တဲ့ အစားအစာ အနံ့ပြင်းရင် ပြင်းသလိုပေါ့။ သေချာဆေးကြော နေပြပြီး သိမ်းထားလည်း ပြန်အသုံးပြုဖို့ အဖုံးဖွင့်လိုက်ရင် အနံ့က ထွက်တာပါပဲ။
အနံ့ပျောက်ဖို့ စီနီယာ့စီနီယာ မမကြီးများကတော့ နည်းလမ်းမျိုးစုံ ရှိကြမှာပါ။ စီနီယာလည်းမဟုတ် ဂျူနီယာကလည်း ကျော်လာခဲ့ပြီဖြစ်တဲ့ ကျွန်မလို ဟိုမရောက် ဒီမရောက်လေးကတော့ အဲ့ ဖန်ဗူးကို နမ်းကြည့်လို့ အနံ့ထွက်နေရင် သွားတိုက်ဆေး တစ်ခါတိုက်လောက် ထည့် ရေထည့်ပြီး လှုပ်၊ခဏထားပြီး ရေပြန် ဆေးပြီးပြန်နမ်းကြည့်လိုက်ရင် ကိုဗစ် ဖြစ်နေသလားလို့ ကိုယ့်နှဖူး ပြန်စမ်းကြည့်ရပါတယ်လို့။ (Azadalin Lin)