မြန်မာပြည်ထဲ ရောက်လာတဲ့ အနှစ် ၂ ခုပါ ကြက်ဥတွေက အတုတွေလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

မြန်မာပြည်ဈေးကွက်ထဲ ရောက်လာတဲ့ အနှစ် ၂ ခုပါတဲ့ ကြက်ဥတွေဟာ အတု ဟုတ်၊ မဟုတ်ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဖော်ပြပေးလိုက်ပါတယ်-

သဘောကျလို့ တညင်းကုန်းက တကူးတက သွားဝယ်ရတဲ့ ကြက်ဥ အလုံးတိုင်း အနှစ် ၂ လုံးပါတယ်။ တလုံး ၂၅၀ ပဲ အလုံးလည်းကြီးတယ်။ သိချင်တာကလေ အဲ့ကြက်ဥက ဘယ်လိုဥမျိုးလဲ။ အတုတော့ မဟုတ်လောက်ပါဘူးနော် (ကြက်ဥအတုတွေကြားဖူးနေလို့)။ ပြီးတော့ မြို့ထဲနဲ့ နီးနီးနားနား ဘယ်မှာတွေ ရှိနိုင်လဲလို့ပါရှင့်။ (Khin Khin)

မှတ်ချက် (၁) – ဂျမ်ဘိုဥလို့ခေါ်ကြတယ်။ ပုံမှန်ထက် အလုံးနည်းနည်းကြီးပြီး အခွံကြမ်းတယ်။ ကြက်ခြံတွေရှိတဲ့ မြောင်းတကာဖက်မှာဆို ဂျမ်ဘိုဥ သီးသန့်ရောင်းတာ တွေ့ဖူးတယ်။

မှတ်ချက် (၂) – အတုမဟုတ်ပါဘူး ကိုယ်တိုင် မွေဖူးတော့သိတယ်။ ကြက်ဥဥချင်းပဲ ပြုတ်စားတာ အဆံ ၂ လုံးပါပါတယ်။ သူတို့ကိုကျွေးတဲ့ ကြက်စာက အဟာရအများကြီးပါတာမို့လို့တော့ ထင်ပါတယ်။ မွေးမြူရေးကြက်ဥပါ။

အဲ့ကြက်တွေက အသန့်မွေးရတာပါ။ မနက်ဆိုရင် သူတို့သောက်တဲ့ရေခွက်တွေကို သန့်နေအောင်ဆေးပေးရပါတယ်။ ကြက်ကိုလည်းကာကွယ်ဆေးထိုးရပါတယ်။ ကြက်စာခွက်ကလည်း ရေမစိုအောင် အသန့်ထားရပါတယ် စားပြီးသား စားကြွင်းစားကျန်လည်း သွန်ပစ်ရတာမို့ စိတ်ချလက်ချ စားလို့ရပါတယ်။ အိမ်မှာဆို အဆံ ၂ လုံးပါတာပဲ ရွေးစားပါတယ်။ ကိုယ်က အဆံကြိုက်တာဆိုတော့၊ စိတ်ချစားပါနော်။

မှတ်ချက် (၃) – ကြက်ငယ်တုန်းဆို အဲလိုမဥပါဘူး။ ကြက်ကြီးလို့ခေါ်တဲ့ တနှစ်ခွဲကျော် ၂ နှစ်သားဝန်းကျင်ဆို အဲလိုဥဆိုဒ်တွေပါတဲ့ ဥကြီးကြီးတွေ ဥပေးကြပြီ။ ခြံတွေမှာ အဲလိုဥကြီးကို ကြက်ဥကဒ်နဲ့မဆံ့တော့ ဥကြီးတွေအများကြီးရရင် သိပ်ကို ပျော်စရာပါ။ နွေပိုင်းမှာဆို ကြက်မအတွက်စိုးရိမ်ရ၊ ပူပူနဲ့မဥနိုင်ရင် လစ်ပြီပဲ။

မှတ်ချက် (၄) – အသက်ကြီးတဲ့ ကြက်မတွေက ဥတာပါ။ အဲလိုဥက အကောင်လည်းမပေါက်ဘူး။ ကြက်ခြံရောင်းတဲ့သူကိုယ်တိုင်ပြောတာ၊ ဘာနည်းပညာနဲ့မှမဟုတ်သလို အထူးအဆန်းလည်းမဟုတ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page