ခေတ်မကောင်းချိန်မှာ ရွှေဆိုင်တွေရဲ့ အမြတ်ကြီးစားမှုကို ဖွင့်ချခြင်း (ပြည်သူ့အပူတွေနဲ့ လုပ်စားကြသူများ)
ရွှေဆိုင်တွေ အတော်-ုတ်မာကြတယ်။ ရွှေစျေး မှာ အရောင်းအဝယ် သိန်းပိုင်းခွါသလို ရွှေရည် ၁၅ ပဲရည်ပြောလည်း ၁၄ ပဲ ၂ ပြားရည်ပဲ ရှိတာ များကြတယ်။
ရွှေရည်ခိုး ရွှေစျေးခွါရုံမက အခု အလျှော့အတွက်ကို တကျပ်သား ၃ သိန်း ယူကြတော့ တကယ်သူတို့ရောင်းတဲ့ ရွှေစျေးက ၂၅၅၀၀၀၀ ဆိုရင် ဝယ်တဲ့သူက တကျပ်သားကို ၃၁ သိန်းနီးနီး ပေးရတဲ့သဘော။ ရွှေလုပ်ပြီး ငွေအသည်းအသန်လိုလို့ ပြန်ရောင်းရင် သူတို့ ဝယ်စျေးက ၂၄၀၀၀၀၀ နဲ့ ရောင်းချင်ရောင်း မရောင်းချင်နေဆိုပြီး ဂုတ်ေ-ွးစုတ်ကြတယ်။
ဒေါ်လာလည်း ဒီလိုပဲ စျေးကွက်မှာ ကိုယ်က ဒေါ်လာ လိုချင်လို့ ဝယ်ရင် ၃၄၀၀၊ ၃၅၀၀ နဲ့ ဝယ်ရတယ်။ သူတို့ ပြန်ရောင်းရင် ၂၉၆၀၊ ၃၀၀၀ ပဲ ပေးတယ်။
ဒီလို ဗိုလ်ချုပ်အသိုင်းအဝန်းအမျိုးတွေ ခြယ်လှယ်ကစားနေတဲ့ ရွှေဆိုင် ဒေါ်လာအလဲဆိုင်တွေက စျေးခွါလို့ဆိုပြီး အပြင်မှာ အချင်းချင်း ရောင်းသူ ဝယ်သူ တိုက်ရိုက် သူယုတ်မာတွေ ခွါသလိုမဟုတ်ပဲ တဝက်လောက် ကြားချရောင်းဝယ်ကြည့်ပါ။ ဖမ်းဖို့ စသုံးလုံးတွေက အပြည့်ပဲ ပတ်နေကြတာ။
ရွှေဒေါ်လာ မတည်ငြိမ်အောင် တရားမဝင်စျေးကစားတဲ့သူတွေဆိုပြီး ဖမ်းဖို့ စောင့်နေကြတာ။ ရွှေစျေးတွေ မတည်ငြိမ်ဖြစ်အောင် ရောင်းစျေး ဝယ်စျေးတွေ တအားခွါ အမြတ်ထုတ် လုပ်စားနေသူတွေက ရွှေစျေးတည်ငြိမ် စျေးကျအောင် လုပ်တဲ့ တိုင်းပြည်ကယ်တင်ရှင် သူတော်ကောင်းတွေလေသံပစ်နေကြတာ ရွံဖို့ အတော်ကောင်းတယ်။ (Aung Kyaw Oo)