ဝန်ထမ်းတွေကို (၁၀) နှစ်စာ လစာ နှစ်ကုန်ဆုကြေးပေးလိုက်တဲ့ ကုမ္ပဏီကြီး (မြန်မာပြည်က မဟုတ်ပါ)
တောင်ကိုရီးယားရှိ ရေနံကုမ္ပဏီတစ်ခုသည် ယမန်နှစ်တွင် ကြီးမားသောအမြတ်အစွန်းများ ရရှိပြီးနောက် ဝန်ထမ်းများအား ၁၀ နှစ်လုပ်ခလစာ ဘောနပ်စ်ဆုချလိုက်တယ်လို့ သိရပါတယ်။
နှစ်သစ်ရောက်တဲ့အခါဆိုရင် ဘောနပ်စ်လို့ ခေါ်တဲ့ နောက်ဆက်တွဲတစ်ခုဖြစ်ပြီး လူတော်တော်များများက ဒီအချိန်ကို စောင့်မျှော်နေခဲ့ ကြတယ်လို့ ယုံကြည်ပါတယ်။ ခုချိန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို သူတို့ရဲ့ နှစ်စဉ်လစာရဲ့ ၁၀၀၀ ရာခိုင်နှုန်း အထိ ဘောနပ်စ်ငွေ ပေးမယ်လို့ သိရပါတယ်။ တောင်ကိုရီးယားရှိ ဟွန်ဒိုင်း အိုင်လ်ဘန့်ဟု အမည်ရတဲ့ ကုမ္ပဏီတခုက ဝန်ထမ်းတွေကို အဆိုပါ ဆုကြေး ပေးလိုက်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အလွန်ကောင်းသောနှစ်ဖြစ်၍ ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတွေ တက်လာပြီး ရလဒ်အနေဖြင့် တောင်ကိုရီးယား၏ အထိပ်တန်း ရေနံဘဏ်လုပ်ငန်းကုမ္ပဏီများလည်း အမြတ်အစွန်းများ တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီရဲ့ အမြတ်ငွေဟာ တတိယသုံးလပတ်တစ်ခုတည်းမှာ ၂၂၆ ရာခိုင်နှုန်း ခုန်တက်သွားပြီး စုစုပေါင်း ဝမ် ၂.၈ ထရီလီယံ သို့မဟုတ် ဘတ် ၇၃,၅၀၉ သန်းခန့် အမြတ်ရရှိခဲ့ပါတယ်။ ထို့ကြောင့် ယင်းကုမ္ပဏီက ၎င်း၏ ဝန်ထမ်းများအား လပေါင်း ၁၂၀ အတွက် ဘောနပ်စ်ဆုချီးမြှင့်ပေးဖို့အတွက် ကြေငြာလိုက်ပါတယ်။
သို့သော်လည်း ကုမ္ပဏီက ၎င်း၏ဝန်ထမ်းများအား ပေးမယ့် ဘောနပ်စ်ငွေပမာဏကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဒီလိုမျိုးဆုချပေးတဲ့အတွက် ဝန်ထမ်းတွေက ပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်က ရသမျှအကုန်ယူ ကုမ္ပဏီတွေနဲ့တော့ အလွန်ကွာခြားမှု ရှိတယ်လို့ မြန်မာပြည်က ကုမ္ပဏီဝန်ထမ်း တဦးက ပြောပါတယ်။