ရဲရဲတောက် မင်းသမီး ဖွေးဖွေး ၅၀၅ (က) အမှု ပိတ်သိမ်းခံရပြီး မြေပေါ် ပြန်ရောက်လာပြီ

မင်းသမီး ဖွေးဖွေး အပါအ၀င် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဉ်းသား ၅၇၇၄ ဦးကို စကစက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲ ဆိုခံထားရတဲ့ ဘုန်းသိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်း၀တီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာစသည့် အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းသမီး ဖွေးဖွေးအနေနဲ့ အာဏာသိမ်းမှု အစမှာ လှုပ်ရှားမှု အများအပြား ပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေကို စတင် ဖမ်းဆီးတဲ့ အချိန်မှာတော့ ထိုင်းနိုင်ငံကို ခေတ္တပြောင်းရွှေ့နေထိုင် နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည် ပြန်ရောက်နေပြီလား သေချာ မသိရသေးပေမယ့် ၅၀၅ အမှု ပိတ်သိမ်းခဲ့မယ်ဆိုရင်တော့ မြန်မာပြည်ကို တရားဝင် ပြန်လာနိုင်မယ့် အခြေအနေ ရှိပါတယ်။

မင်းသမီး ဖွေးဖွေးဟာ မကြာသေးခင် ရက်ပိုင်းက သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတခုကို ပရိုမိုးရှင်း ပြုလုပ်ပေးခဲ့တာကြောင့် ပရိသတ် အများအပြားရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page