သိန်းသောင်းချီ လိမ်သွားတဲ့သူတွေကို တရားစွဲရင် ပိုက်ဆံ ပြန်ရမယ်လို့ အခုထိထင်နေကြတုန်းပဲလား

ကျူးတဲလောက်မှာနေပြီး သိန်း ၂ သောင်းလိမ်သွားနိုင်တယ်ဆိုတာ အယုံလွယ်တာမျိုးတွေကြောင့်ပါ။ ဘာကြောင့် အယုံလွယ်လဲ။ ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ အလေ့အကျင့်တွေ ငယ်စဉ်ထဲက မရင်းနှီးခဲ့လို့ပါ။ အရှေ့က သင်သွားတာကို အလွတ်ကျက်ရင်း ဤသည် မရွေး ရေးချရတဲ့ အလေ့အထတွေ ကြောင့် ပညာရေးစနစ်နဲ့လည်းတပိုင်းတစ ဆက်နွယ်ပါတယ်။

မက်လုံးပေး ငွေလိမ်တာ၊ တလတည်းနဲ့ သိန်း ၂ သောင်းလည်း ဟောကနဲ ဟောကနဲ တည့်တည့်ကို ဝင်လာတာ။ သိန်း ၂ သောင်း ငွေကြေးမှားယွင်း လိမ်လည်မှုပုဒ်မ က ၄၂၀၊ အမှုကာလက ကြိုက်သလို ဆွဲဆန့်ထားလို့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘယ်ငွေကြေးလိမ်လည်သူကမှ တရားသူကြီးရှေ့မှာ လိမ်တယ်လို့ မထွက်ဆိုဘူး၊ ပြန်ပေးပါမယ်၊ ဒါမှားယွင်း တိုင်တန်းမှုပါလို့ပဲ သူငှားထားတဲ့ရှေ့နေတွေရဲ့ သင်ကြားမှုအတိုင်းပဲ ထွက်ဆိုပါတယ်။ ရဲကို သိန်း ၃၀၀ ပေးမယ်၊ တရားသူကြီးကို သိန်းတထောင်ပေးမယ်၊ ရှေ့နေငှားခ သိန်း ၃၀၀ ထား၊

အိပ်လိုက်၊ စားလိုက်၊ မြေလေးဝယ်လိုက်၊ ကားလေးစီးလိုက်၊ အပန်းဖြေကမ်းခြေခရီးထွက်လိုက်၊ ၂ပတ်တကြိမ်တရားရုံးတက်လိုက်၊ မလာနိုင်ရင်လည်း ဆရာဝန်ဆေးစာလေးပြလိုက်။ အချိန်တန်လို့ ရှောင်မရ ရှားမရဘူးဆိုရင် တရားသူကြီးနဲ့ညှိပြီး လူစားလေးထိုးပေးလိုက်၊ ပြီးရင် တရားရုံးက ထောင်ဒဏ် ၁ နှစ်ချပေးလိုက်၊ ချုပ်ရက်၊ လျှော့ရက်၊ လွတ်ငြိမ်းခွင့်နဲ့ ၆ လဆို အပြင်ပြန်ရောက်။

လမ်းကြောင်းသိပြီး ဒီလိုလိမ်နေတာ အများကြီး။ တခါလိမ်ပြီးရင် အိုးပိုင်၊ အိမ်ပိုင်၊ လုပ်ငန်းပိုင်၊ တင့်တောင်းတင့်တယ် ငွေကြေးပြည့်စုံပြီး လူဂုဏ်ထံစာရင်းထဲ တံဆိပ်ခတ်ထားတာ အများကြီးပဲ။ (Maung Htun)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page