မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ထူးထူးခြားခြား ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း

၁၉၃၀ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ (၅) ကြိမ်မြောက်ပြိုင်ပွဲဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မြန်မာနိုင်ငံအတွက် အမှတ်တရရှိခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် အာရှတိုက်အတွက် တနေရာစာအတွက် ဖီဖာမှ အာရှနိုင်ငံလေးခု (မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်အိန္ဒိယအသင်း) တို့ကို ရွေးချယ်ခဲ့ပါတယ်။ သို့သော် မြန်မာအပါအဝင် အခြားအရှေ့တောင်အာရှ နိုင်ငံများသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန်ငြင်းဆိုခဲ့ကြသဖြင့်တသင်းတည်းကျန်ရှိခဲ့သော အိန္ဒိယအသင်းသည် အလိုလျောက်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။

သို့သော် နောက်ပိုင်းတွင် အိန္ဒိယအသင်းကိုယ်တိုင်မှလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ရန်ငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယကစားသမားအများစုမှာ ဘောလုံးကစားရာ တွင်ဖိနပ်မပါဘဲကစားတတ်သူများဖြစ်ကြသဖြင့် ဖီဖာ၏ ဘောလုံးကန်ဖိနပ် မပါရှိပါက မကစားရဟူသော ဥပဒေကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ခြင်းဖြစ် သည်ဟု အများက ပြောဆိုဝေဖန်ခဲ့ကြပါတယ်။

သို့သော် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကတော့ အိုလံပစ် ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပို၍ဂုဏ်ရှိသည်ဟု ယူဆခဲ့သဖြင့် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

မြန်မာအပါအဝင် အာရှနိုင်ငံများအားလုံးမှ ကမ္ဘာ့ဖလားကို ပါဝင်ရန်ငြင်းဆန်ခဲ့ကြခြင်းမှာ ဘရာဇီးလ်တွင် ကျင်းပခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယူဆဖွယ်ရာရှိနေပြီး သွားရောက်နိုင်ရန် ခရီးစရိတ်ကြီးမြင့်လွန်းခြင်းကြောင့်ပါဝင်ရန် ငြင်း‌ဆန်ခဲ့ကြခြင်းဖြစ်သည်ဟု လော့စ်အိန်ဂျလိစ်တိုင်းစ် သတင်းစာမှ ခန့် မှန်း‌ရေးသားဖော်ပြခဲ့ပါတယ်။ (THE LEAGUE SPORTS NEWS)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page