ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ

အိမ်တွေမှာ အသုပ် လုပ်စားရင် ဖြစ်စေ၊ ခေါက်ဆွဲကြော် စားရင် ဖြစ်စေ ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေိကို ရေခဲသေတ္တာထဲမှာ နှစ်ရှည်လများ ထည့်ထားပြီး လွှင့်ပစ်နေကြတဲ့ သူတွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်-

အိမ်ရှင်မ ကျမ ဟိုတလောက အသုပ်လုပ်စားရင်း ခေါက်ဆွဲဖတ်တွေ ကျန်နေလို့ နေပူလှန်းလိုက်တယ်။ ခြောက်သွားတော့ သိမ်းထားရင်း ဒီနေ့သတိရလို့ ဆီပူထိုးစားတာ တော်တော်စားကောင်းပါတယ်ရှင်။

ထမင်းခြောက် ထက် ပိုအရသာရှိတယ်။ မွမွလေးနဲ့ အရသာရှယ်ဘဲ နေပူလှန်းရင် ဘာမှမထည့်ရဘူး။ ကြော်ရင်လဲ ဘာမှမထည့်ရဘူးနော်။ ကြော်ပြီး ပန်းကန်ထဲရောက်မှ ဆားလေးဖြူးစား အဆာပြေအပျင်းပြေ လုပ်စားလို့ရအောင်လာပြောပြတာပါ။ သိပြီးသူများ ဆောရီးပါနော်ရှင့်၊ အလေအလွင့် မဖြစ်တော့ဘူးပေါ့ရှင်။ (Shinn Thant Mar Mar)

မှတ်ချက် (၁) – အဲ့လိုခေါက်ဆွဲကို ကြော်ပြီး ခရုဆီလို အရည်ပျစ်ပျစ် အသားနဲ့အရွက်ရောကြော်ပြီး လောင်းထည့်စားလို့ရတယ်။ ခေါက်ဆွဲ အကြွပ်ကြော်ဖြစ်တယ်။

မှတ်ချက် (၂) – မြင်းခြံမှာတော့ ပလာတာသုပ်၊‌ ခေါက်ဆွဲသုပ်၊ ကြက်သားဆန်ပြုတ်၊ ကြက်သားသုပ်၊ ဝက်သားသုပ်တို့ထဲ ထည့်စားတာ မုန့်ကြွတ်ခြောက်လို့ ခေါ်တယ်။

မှတ်ချက် (၃) – ငရုတ်အကြမ်းဖတ်ရယ်။ အချိုမှုန့်။ ဆား၊ သကြားနည်းနည်းနဲ့ ကြော်စား အားလူးကြော် အစပ်ထုပ်တွေလိုပဲ စားလို့ရှယ်ကောင်း။

မှတ်ချက် (၄) – ခေါက်ဆွဲကြွပ်ကြော်လေး လုပ်စားလိုက်လေ။ ပန်းပွင့်၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် ကြိုက်နှစ်သက်ရာတွေ အစိမ်းကြော် ကြော်သလို ကော်ရည်ရွှဲရွှဲလေးနဲ့ကြော်၊ အသားပါ ထည့်လည်း ပုစွန်ဆို ပိုကောင်း။ အဲဒီအစိမ်းကြော်ကို ခေါက်ဆွဲကြွပ်ကြော်ထဲ လောင်းထည့်စား ကြည့်ပါလားရှင်။ လျှာလည်လည်ပဲလေနော့၊ ဆိုင်တွေမှာ ခေါက်ဆွဲကြွပ်ကြော် ဆိုင်တိုင်းတောင် မရပါဘူးရှင့်။

မှတ်ချက် (၅) – အသီးအရွက်နဲ့ အသားတွေကို ကော်ရည်ရွှဲရွှဲလေးနဲ့ ကြော်ပြီး ခေါက်ဆွဲခြောက်ကြော်ပေါ် လောင်းပြီး စားရင်လည်း အရမ်းကောင်းတယ်။ စင်ကာပူနဲ့ မလေးရှား စားသောက်ဆိုင်တွေမှာ အဲဒီလိုမျိုး ရောင်းကြတယ်။ ကြာဇံအကြွပ်ကြော်နဲ့လည်း ရတယ်။

မှတ်ချက် (၆) – ခေါက်ဆွဲကို အမဲသားဟင်းနဲ့ စားရင် အဲဒီလို ခေါက်ဆွဲကြော် ဖြူးစားတာ အရသာပိုရှိပါတယ်ရှင့်။ ကိုယ်တွေဆို ကျန်တာကို အခြောက်ခံတာ မဟုတ်ဘဲ ခေါက်ဆွဲစိုကို ခွေထည့်ကြော်စားတာပါ။ ကြာကြာတော့ ကြော်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page