ရန်ကုန်မြို့လယ်ခေါင်က ကန်တော်ကြီးထဲမှာတောင် မလုံခြုံတော့ပါဘူး (ကြောက်စရာ ကောင်းနေပါပြီ)

ကိုယ်တွေ့ကြုံသူတဦးရဲ့ သတိပေးစာ၊ ကန်တော်ကြီးထဲ သွားမဲ့သူတွေအတွက် အနီရောင် သတိပေးချက်ပါ။ ကန်တော်ကြီး တံတား၊ မီးလောင်သွားတဲ့ ကန်တော်ကြီးအနောက်ဘက်ကိုလုံးဝ ရှောင်ပါ ။

အဲနားမှာ ငါးမျှားသလိုလို နဲ့အရက်ထိုင်သောက်နေတဲ့လူတွေရှိတတ်တယ်။ အဲလူတွေက လူအလစ်ချောင်းပြီး အတွဲတွေကို ဒါးပြတိုက်တတ်လို့ပါ ။ စနေနေ့ ညနေ ၅ နာရီ ၃၈ မိနစ်လောက်က အတွဲတစ်တွဲကို ဒါးပြတိုက် ထားတာ သတိမထားမိပဲ လေ့ကျင့်ခန်း လုပ်ပြေးနေရင်း မောလို့ ခဏရပ်ပြီး နားလိုက်တာကို သူတို့ ဒါးပြတိုက်နေတာ ရိပ်မိပြီး လာကူညီတယ် အထင်နဲ့ ရင်ဘတ်တည့်တည့်ကို အရိုးအသွား ၁၀လက်မ နီးပါးရှိတဲ့ ဒါးနဲ့ ပစ်-ိုက်တာပါ။

ဒါးဦးချွန်စိုက်တဲ့ အချိန် ရုတ်တရက် အသိနဲ့ ဒါးကို ခတ်ထုတ်ပစ်လိုက်တော့ ဘယ်ဘက် လက်ဖျံမှာ ၄ စင်တီမီတာလောက်ရှိတဲ့ ပြတ်ရှဒဏ်ရာတစ်ခုပဲရပြီး ကံကောင်းလို့ မသေခဲ့ဘူး။ ယောကျာ်း နှစ်ယောက်၊ တစ်ယောက်က ဒါးနဲ့ ထိုးစိုက်တဲ့အချိန် နောက်တစ်ယောက်က အနောက်ကို ဝင်ချုပ်ပြီး လူမမြင်ရအောင် ကပ်ထားပြီး ရှိတာ အကုန် ချွတ်ခိုင်းပြီး ဒါးချွန်ကို ဗိုက်ကို တောက်လျှောက်တေ့-ိုး နေတာပါ။

အခင်းဖြစ်နေတုန်း ဘေးနားက လေ့ကျင့်ခန်း လုပ်တဲ့လူ သုံးလေးယောက်လောက် ဖြတ်သွားပေမဲ့ ဘယ်သူမှ သတိမထားမိပါဘူး။ အဖြစ်အပျက် တခုလုံးက တစ်မိနစ်ဝန်းကျင်တောင် မကြာခဲ့ဘူး။ အစထဲက စောင်ငမွဲမို့ တစ်သိန်း လောက်ပဲ တန်တော့တဲ့ ဖုန်းတစ်လုံး။ နှစ်ပဲသား လက်စွပ်တစ်ကွင်းပဲပါ သွားပါတယ်။ ဒါပေမဲ့ အရေးကြီးတာ လူအသက်ပါ။

ငွေ ၅ သိန်း ဖိုးလောက်နဲ့ လူအသက်တစ်ခုကို ချွေပစ်ရဲတဲ့ ခိုးဆိုးနှိုက်တွေ ကန်တော်ကြီးလို ​​မြို့လယ်ကောင် လူတွေ ကြားထဲ မှာရှိနေတယ် ဆိုတာ၊ ဘတ်စ်ကားပေါ်မှာ လုယက်နေကြတာ၊ ခါးပိုက်နှိုက်တာ အော်လို့ ဒါးနဲ့ ထိုးသွားတာ ဒါတွေက တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ဘူး။

တကယ် အရေးအကြောင်းရယ်ကျ လူတွေက ကိုယ့်အတွက်ပဲ ကြည့်ကြတာပါ။ ဒဏ်ရာတန်းလန်း ‌ေ-ွး အလိမ်းလိမ်းနဲ့ ဒါးပြတွေနဲ့ ဝေးရာ ပြေးလာပြီး အကိုရယ် ကျွန်တော်ကို ဒါးနဲ့-ိုး လုသွားလို့ပါ အကူအညီ တောင်းမိတဲ့ လူက မသိချင်ယောင်ဆောင် နောက်လှည့်ပြီး ပြန်ပြေးသွားပါတယ်။

ကန်တော်ကြီးထဲ ဘာလို့ သွားတာလည်း သွားတော့ ဖြစ်တာပေါ့ ဆိုပြီး victim လာ blame ရင်တော့ -ဲလွှတ်မှာပါ။ သူငယ်ချင်းတွေ အရက်သောက်ဖို့ခေါ်တာ မသွားဘဲ လေ့ကျင့်ခန်း သွားလုပ်မိလို့ သေကံမရောက် သက်မပျောက်ခဲ့ရတဲ့ ကောင်ဆိုးလေးပါတဲ့။ (Wai Wai Hlaing)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page