ထန်းစိုက်တောင်သူတွေ လက်ဖျားငွေသီးပြီး ဘဝတွေ တိုးတက်ပြောင်းလဲသွားစေမယ့် နည်းလမ်း
ထန်းစိုက်တောင်သူတွေ လက်ဖျားငွေသီးပြီး ဘဝတွေ တိုးတက်ပြောင်းလဲသွားစေနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်-
နိုင်ငံစီးပွါးရေးမဏ္ဍိုင် ထန်းပင်တွေ မခုတ်ကြပါနဲ့။ ယခုအချိန်မှာ သေချာပေါက် ပြောရဲပါပြီ။ ထန်းသကာရည်ဟာ မေပယ်သကာရည် (Maple syrup) ထက် သာလွန်သလို ထန်းသကြားကလဲ အုန်းသကြား (Coconut sugar) ထက်သာလွန်ပါတယ်။
အကောင်းတကာ အကောင်းဆုံးအဖြေရအောင် Green toddy အဖွဲ့ဟာ ရပ်မနေပါဘူး။ ကိုဗစ် ရှိနေလို့ အပြင်မထွက်ဘဲ လုပ်ငန်း ပိုခရီးရောက်ပါတယ်။ နိုင်ငံခြားက စက်ပစ္စည်း ဝယ်ယူဖို့ ဆိုတာက ထန်းချက်လုပ်ငန်းနဲ့ အသုံးတည့်ပါ့မလား ဆိုတာက တကြောင်း၊ ဈေးကြီးတာကလဲ အစဦး ရင်းနှီးဖို့ရာ တွန့်ဆုတ်မိတာက တကြောင်း။
အဲဒီတော့လဲ အင်တာနက်ပေါ်မှာ သူတို့စက်တွေ ရနိင်သမျှ လှန်လှောရှာဖွေပြီး စမ်းသပ်ထုပ်လုပ်ဖို့ ကြိုးစားနေကြတာပါ။ ယခုစက်ကတော့ သူတို့ဆီမှာလဲ နောက်ဆုံးပေါ်လို့ ပြောလို့ရတဲ့ ရေခဲစက်စနစ်ပါ။ ထန်းရည်ကို အေးခဲပြီး ရေခဲဖယ်ထုပ်ပြီး ထန်းရည်အပြစ် ချက်ယူဖို့ရာပါ။
ဒါအောင်မြင်သွားရင် နိင်ငံးခြားဈေးကွက်ကို ကိုင်တွယ်နိင်ပါပြီ။ ထန်းပင်တပင်ကနေ ရတဲ့ ထန်းရည်ချို တန်ဖိုးဟာ ဈေးကွက်ဝင်သွားပြီဆိုရင် တရက်ကို အနိမ့်ဆုံး ၅၀၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ်ထိ ဝင်ပါမယ်။
မိမိပတ်ဝန်းကျင်က ထန်းပင်တွေ ရေတွက်ကြည့်ပါ။ တနေ့ဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း အများကြီးရပါမယ်။ တပင်ကို ၁၅၀၀၀ ကျပ်နဲ့ ခုတ်ရောင်းခဲ့ရင် သင့်အမှားအတွက် နောင်တဟာ နောက် ၁၈ နှစ်ကြာမှ ထန်းရည်ထုတ်ရတဲ့ ထန်းပင်ကို သင်ပြန်ပိုင်ဆိုင်မှာပါ။
နိုင်ငံစီးပွါးရေးအမြင်နဲ့ ကြည့်ရင် ထန်းထွက်ပစ္စည်းဟာ အားလုံးထက် သာလွန်ကောင်မွန်နေတယ်ဆိုရင် အခြားနိင်ငံများဟာလဲ ထန်းပင်တွေစိုက်ဖို့ ကြိုးစားကြမှာပါ။ ဒါပေမဲ့ ဈေးကွက်တန်းဝင်ဖို့ သူတို့ နောက်ထပ် ၁၈ နှစ် စောင့်ရပါမယ်။ မြန်မာ့ထန်း တခေတ်ဆန်းရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ (U Maung Maung Soe)