ယနေ့ မနက်အစော လှုပ်ခတ်သွားတဲ့ မန္တလေး ငလျင်ကြီးရဲ့ နောက်ကွယ်က အကြောင်းရင်း
(တံတားဦးက ငလျင်) မန္တလေးမှာ မနက် ၃နာရီ ၁၇ မိနစ်က ငလျင်လှုပ်သွားတဲ့ Post တွေတင်နေကြတာတွေ့ရတယ်။ မန္တလေးနဲ့ ၁၅မိုင်အကွာမှာ ဗဟိုပြုတယ်၊ တံတားဦး အရှေ့ဖက် ၄ မိုင်အကွာမှာဖြစ်တယ်။
မန္တလေးကလူတွေ မူးနောက်နောက်ဖြစ်သွားတယ်၊ ပြန်အိပ်မရကြတော့ဘူး၊ အားလုံး ငလျင်မလှုပ်မီလာတဲ့ တော်လဲသံကို ကြားလိုက်ကြရပုံပဲ၊ မေမြို့ကလူတွေထိ ထိခိုက်ခံစားရကြောင်း ပြောနေကြတယ်။
အရင်တုန်းက ငလျင်တွေဟာ နှစ် ၅၀ တစ်ခါ ၇၅ နှစ် တစ်ခါမှန်မှန် လှုပ်တတ်ကြောင်း မသိခဲ့ကြဘူး။ ကိုယ်တွေဟာ ပညာဉာဏ်ချို့တဲ့တော့ ဧရာဝတီမြစ်ကြီး အောက်ကနေ နိုင်ငံအလည်တည့်တည့်မှာ ရွှေမင်းဝံဖော့ လို့ ခေါ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး ရှိနေတာကို ကြိုမသိ ခဲ့ကြရဘူး။
အခုငလျင်က မင်းကွန်းပုထိုးတော်ကြီးမှာ အက်ကွဲ ကြောင်းကြီး ဖြစ်ပေါ်စေခဲ့တဲ့ငလျင်၊ ပုထိုးတော်ကြီး ရှေ့က ခြင်္သေ့ရုပ်ကြီးပြတ်ကြစေခဲ့တဲ့ ငလျင် အင်းဝမြို့ဟောင်းထဲက နန်းမတော်မယ်နုရဲ့ မျှော်စင်ကြီးစောင်းသွားစေခဲ့တဲ့ ငလျင်ရဲ့ သူ့အချိန်ပြန်ရောက်လို့ တာဝန်ကျေစွာလှုပ်တဲ့ ငလျင်ပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီငလျင် တာဝန်ကျေစွာ လှုပ်ခဲ့တဲ့သမိုင်းတွေရှိပါတယ်၊ အခုရှာတော့ ငလျင်အသင်းစာမျက်နှာလည်း ရှာမတွေ့ပါ။ မြန်မာနိုင်ငံ ငလျင်အသင်းက ဒီငလျင် အချိန်စေ့နေပါပြီ ပေးလှုပ်လိုက်ပါလို့ ပြောနိုင်ပါတယ်။ ၅ ဒသမ ၂ ကို အင်အားအသင့်အတင့်လို့ ပြောပေမယ့် မေဂျာ ငလျင်လို့ မှတ်ယူနိုင်ပါတယ်၊ ကျေနပ်ရမှာပါ မဟုတ်ရင် ၆ ဒဿလောက်သာဆို နာမည်ကြီးစစ်ကိုင်း ငလျင်လို ဖြစ်သွားနိုင်ပါတယ်။
ဘကြီးတော်လက်ထက် လှုပ်ခဲ့တဲ့ငလျင်က အင်းဝမျှော်စင် အခုထိစောင်းနေပုံနဲ့ မြေပွနှုန်းကို တိုင်းပြီး ပညာရှင်တွေတွက်ချက်တာ ၈ ဒဿမလောက် ရှိတယ်ဆိုပါတယ်၊ အင်းဝမြို့ ပျက်တဲ့အထိဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆင်ဖြူတော် နိဗ္ဗာန နာဂပစ္စယက ကြိုပြီးသိခဲ့တဲ့ ငလျင်ပါ။
အခု ၅ ဒဿမ ဟာ ဒီနိုင်ငံထဲ အဓိကငလျင်ဖြစ်နိုင်ပါတယ် ဒီလောက်နဲ့ပဲ ကျေနပ်ပါရစေ။ ငလျင်ဆိုတာနဲ့ အရင်စိတ်ပူရတာက ပုဂံပါ၊ အခုငလျင်ဟာ ပုဂံကို သက်ရောက်စေတဲ့ ငလျင်ကြောက မဟုတ်ပါဘူး။ ပုဂံကလူတွေ အိပ်နေကြတုန်းဖြစ်မှာပဲလို့ထင်လို့ ဖုန်းဆက်ပြီးမနှိုးတော့ပါဘူး။ ဒါပေမယ့် နိုးလာရင်တော့ စေတီတော်ကြီးတွေရဲ့ အခြေအနေကို ပြောပြကြစေချင်ပါတယ်။ (Myo Swe Than)