မြန်မာပြည်က ဟိုတယ်တွေ မဖြစ်မနေ ပြုပြင်သင့်တဲ့ ဝန်ဆောင်မှုတခု (ဟိုတယ်ပိုင်ရှင်များ သိစေဖို့)
မြန်မာပြည်ထဲက ဟိုတယ်တွေကိုလေ အကြံပေးချင်တာ အခန်းခထဲ မနက်စာ ပါတယ်ဆိုပြီး ဖြစ်သလိုတွေ မကျွေးကြပါနဲ့လို့။
မြန်မာမို့လားမသိဘူး တစ်ခါလာလည်း ဘိုဆန်ဆန် ပေါင်မုန့်တွေ အရသာမရှိတဲ့ ကြာဇံတွေ ခေါက်ဆွဲတွေ ထမင်းကြော်တွေ မစားချင်ဘူး။ ကျွေးရတာချင်း အတူတူ အစားအသောက်တွေ အလဿသ (Waste) ဖြစ်မယ့်အစား အရသာရှိအောင်လေး ချက်ကျွေးကြပါလားလို့လေ။
တချို့ဟိုတယ်တွေ ချက်ကျွေးတဲ့ မုန့်ဟင်းခါးဆို ကိုယ်တွေတောင် မစားနိုင်၊ ဧည့်သည် နိုင်ငံခြားသား (Foreigner) တွေ စားမိရင်တောင် ဟင် နင်တို့ကြိုက်တာ ဒါကြီးလားလို့ အထင်ခံရမယ့် အဖြစ်။
မနက်စာကို ကောင်းကောင်းနဲ့ အရသာရှိရှိ စေတနာပါပါ ချက်ကျွေးတာဆိုလို့ ငွေဆောင်က ဟိုတယ်တစ်ခုမှာ စားဖူးတယ်။ သူ့ရဲ့ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်ဆိုလည်း ဘဲဥအချဉ်ဟင်း၊ ဝက်သားဟင်းနဲ့ ပြီးတော့ ကော်ရည်ခေါက်ဆွဲ၊
အရသာရှိတော့ ဘူဖေးလို အများကြီးမခင်းထားတာတောင် တစ်ပွဲဆို တစ်ပွဲ အရသာရှိပြီး ထိမိနေတာပဲ။ ပိုက်ဆံကုန်တာချင်းအတူတူ Hotel Chef ကြီးတို့ရေ မြန်မာအကြိုက် ကောင်းကောင်းလေး ချက်ကျွေးကြပါနော်။ တောင်းဆိုတာပါ။ With Love (I Like That)