နိုင်ငံထဲက ပုဂ္ဂလိကကျောင်းတွေမှာ အစိုးရ သင်ရိုးကို မဖြစ်မနေသင်ဖို့ တရုတ်အစိုးရ အမိန့်ထုတ်

နိုင်ငံတကာကျောင်းတွေကို ဥပဒေအသစ်ထုတ်ကာ ထပ်ကြပ်လိုက်တဲ့ တရုတ်အစိုးရ

တရုတ်ပြည်မှာ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနဲ့သင်နေတဲ့ ပုဂ္ဂလိကကျောင်းအားလုံးဟာ ဒီဥပဒေသစ်ကြောင့် ဒေသအလိုက်ပြဌာန်းထားတဲ့ အစိုးရသင်ရိုးကို မသင်မနေရ သင်ပေးကြရပါတော့မယ်။

ဒီလိုသင်ပေးတာကို Grade 1-9 အထိသင်ပေးရမှာဖြစ်ပြီး Junior School ရောက်ရင် အစိုးရသင်ရိုးစာမေးပွဲကို ဖြေကြရမှာပါ။

တရုတ်လူလတ်တန်းစားမိဘတွေဟာ ဒီဥပဒေသစ်ကြောင့် အခက်တွေ့ရသလို နိုင်ငံတကာကျောင်းတွေအဖို့ တရုတ်ဈေးကွက်ထဲကနေ ပြန်ထွက်ဖို့ စဉ်းစားလာကြရပါတော့တယ်။

ကလေးတွေကို ပြည်တွင်းက international school မှာထားရင် ကလေးဟာ ပြည်တွင်း၊ ပြည်ပသင်ရိုး ၂ခု လုံးကို တပြိုင်နက်သင်ကြရမှာမို့ ဝန်ပိစေပါတယ်။ ပြည်ပအထိသွားထားဖို့ကျတော့လည်း မိဘတွေအဖို့ ငွေရေးကြေးရေး အခက်အခဲရှိနေပြန်ပါတယ်။

မနှစ်ကစာရင်းအရ တရုတ်ပြည်မှာ နိုင်ငံတကာစာသင်ကျောင်း ၉၀၀ ရှိနေပါသတဲ့။

Francis Zin

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page