မြန်မာမိသားစုတွေ လွဲမှားနေတဲ့ မိဘကျေးဇူးဆပ်ခြင်းဓလေ့ရဲ့ ဘေးထွက်ဆိုးကျိုးတခု အကြောင်း

မိဘကို လုပ်ကျွေးတယ်ဆိုတိုင်း ချီးမွမ်းစရာမဟုတ် ရွှေဘိုက (၁၁) နှစ် သမီးလေး case ခုတော့ ကြွေလွင့်သွားရှာပြီ။ ရင်နာစရာဘဝ။ ၁၁ နှစ်သား/သမီး မိဘကို လုပ်ကျွေးစရာဘာအကြောင်းမှမရှိ၊ ကိုယ်မွေးထားတယ်ဆိုတိုင်း သားသမီးလုပ်စာ ထိုင်စားစရာဘာအကြောင်းမှမရှိ၊

ကိုယ်မွေးထားတယ်ဆိုတိုင်း သားသမီးအကြီးက သားသမီးအငယ်တွေကို ထိန်းရန်၊ စောင့်ရှောက်ရန်၊ ထောက်ပံ့ပေးရန် ဘာတာဝန်မှမရှိ။

သားသမီး အငယ်တွေမွေးတော့ လင်မယားနှစ်ယောက်တည်း ကိစ္စမဟုတ်လား။ အငယ်တွေ ထိန်းဖို့ အကြီးတွေမှာ ငယ်ဘဝ ကလေးဘဝ ပြည့်ပြည့်ဝဝ မရတော့ဘူး။ ကလေးအငယ်မွေးတာ အကြီးမှာ လုံးဝတာဝန်ရှိမနေဘူး။

အကြီးကကြီးလာရင် ဝင်ငွေရှာပြီး အငယ်တွေကို ထောက်ပံ့ရသေးတယ် အငယ်ကအဆင်ပြေရင် အကြီးကိုပြန်ကြည့်ခိုင်းတာတွေ မြန်မာ မိသားစု စရိုက်တွေ။ ကိုယ်မွေးတဲ့သားသမီး အယောက်စေ့ ကိုယ်တာဝန်ယူရမယ်လေ။ ကျေးဇူး ကျေးဇူးနဲ့ ကိုယ့်တာဝန် ကိုယ်မယူတတ်တာတွေ။

မိဘလုပ်ကျွေးတယ် လိမ္မာတယ်ဆိုပြီး အသက်မပြည့်တဲ့ ကလေးတွေ ခိုင်းစား ရှက်ရမှန်းလည်းမသိသော တာဝန်မဲ့တွေ။ မြန်မာပြည်မှာ ကျေးဇူးတရားနဲ့ တာဝန်ဝတ်တရားကို နားမလည်တာတွေပဲ များတယ်။ ကျားနဲ့မ ပေါင်းဖက်ပြီး ဇီဝကမ္မ ဖြစ်စဉ်အရ ကလေးမွေးတာနဲ့ ကျေးဇူးတရားက ကပ်ပါလာတယ်။ ကလေးက အချောင်ကျေးဇူးတင်ရဦးမယ်။ ကျေးဇူးဆပ်ရဦးမယ်။

အဲဒီကလေးက အဲဒီကျားမ နှစ်ဦးကြောင့် ဒုက္ခဆင်းရဲတွေ အဆင်မပြေမှုတွေ ခံစားရလည်း အရွယ်မတိုင်မီ အလုပ်လုပ်ရလည်း ကျေးဇူးကို ဆပ်နေရသေးတယ်။ တော်လိုက်ကြပါတော့။ ဇီဝကမ္မဖြစ်စဉ်ကို ဖြစ်စဉ်လို့ပဲတွေးပါ။ မျိုးပွားဖြစ်စဉ်မှာ သန္ဓေသား ကလေးကို တာဝန်ယူတတ်တဲ့အထိ ဉာဏ်ရည်မျိုးထိရောက်ပါစေ။

ကလေးကို အခြေခံ စားဝတ်နေရေး လုံးခြုံရေး၊ အသက်ရှင်ဖို့ အခြေခံ life skill၊ ရှင်သန်ရပ်တည်ဖို့ အတတ်ပညာ အကုန်သင်ပေးရန် တာဝန်ရှိတယ်။ ခုတော့ မျိုးပွားဖြစ်စဉ်က ခုတင်ပေါ်မှာတင် ကျန်တဲ့ကိစ္စကျတာဝန်မယူတတ်ကြဘူး။ တိရစ္ဆာန်တောင်မလုပ်တဲ့အလုပ်တွေ လုပ်ပြီဆို လူတွေပဲ။

ငှက်တွေ ဥ ဥပြီး အကောင်ပေါက်တာကနေ ပျံသန်းပြီး ရပ်တည်နိုင်တဲ့အထိ ငှက်မိဘက train ပေးရတယ်။ သူတို့မှာ စာအုပ်နဲ့ ရေးထားတာမရှိပေမယ့် လက်ဆင့်ကမ်းပြီး အနိမ့်ပျံ အမြင့်ပျံ တာ လေဟုန်စီးတာ၊ အသိုက်လုပ်တာ၊ ရန်သူကိုသတိထားစောင့်ကြည့်တာ၊ အစာရှာတာ အမဲလိုက်တာ အားလုံး သေသေချာချာသိပြီ တတ်မြောက်ပြီဆိုတော့မှ လွှတ်ပေးလိုက်တာ။ သူတို့တာဝန်ကို အဆုံးသတ်ထိတာဝန်ယူတယ်။

လူတွေကတော့ တချို့သော လူတွေကတော့ သားသမီးကပဲ ‌ေ-သတဲ့အထိ တာဝန်ယူသွားရရှာတယ်။ ကျေးဇူးကြွေးကို အ‌ေ-သခံပြီး ဆပ်ရရှာတယ်။ ဘေးလူတွေကလည်း မိဘလုပ်ကျွေးတဲ့ သမီးလိမ္မာလေးဆိုပြီး ချီးမွမ်းနေကြတယ်ပေါ့။ (Hla Thandar Wai) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page