မြန်မာပြည်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အမိုးနီးယားဓာတ်ငွေ့ အန္တရာယ်အကြောင်း

အမိုးနီးယား ဓါတ်​ငွေ့ အ​ကြောင်း၊ အမိုးနီးယား (NH3) ဓါတ်​ငွေ့ဟာ ဟိုက်ဒရိုဂျင် နှင့် နိုက်ထရိုဂျင် ​ပေါင်းစပ်ထား​သော ဒြပ်​ပေါင်းဖြစ်ပြီး အ​ရောင်အဆင်းမရှိပဲ မတူကွဲပြားတဲ့ အနံ့ (pungent smell) ရှိပါတယ်။

စက်ရုံအလုပ်ရုံ လုက်ငန်းအချို့နှင့် ဓါတ်​မြေသြဇာ ထုတ်လုပ်​ရေးတို့မှာ အသုံးပြုကြသလို အ​အေးပြုပစ္စည်း (refrigerant gas) အဖြစ်လည်း အသုံးပြုကြပါတယ်။ အမိုးနီးယားကို ဖိအားများတဲ့​နေရာမှာ အရည်အဖြစ် ထိန်းသိမ်းပြီး၊ အပူချိန်နည်းတဲ့​နေရာမှာ​တော့ အ​ငွေ့ (ဓါတ်​ငွေ့) အဖြစ် ထိန်းသိမ်းထားကြပါတယ်။

အမိုးနီးယား ဓါတ်​ငွေ့ဟာ ​သေချာစွာ ကရုတစိုက်ထိန်းသိမ်း​ပေးရတဲ့ ဓါတ်​ငွေ့မျိုး ဖြစ်ပါတယ်။ မီး​လောင်လွယ်ပြီး ပျံ့နှံ့မှုလည်း မြန်ဆန်တတ်တာ​ကြောင့် စက်ရုံအလုပ်ရုံများမှာ အဆို့ရှင် လှည့်ဝင်ရိုးတံဖြင့် ဖိအားကို ထိန်းညှိပြီး ထားရှိရပါတယ်။ တခါတရံမှာ အဆိုပါ အဆို့ရှင် လုံခြုံမှု အားနည်းတဲ့အခါ ဓါတ်​ငွေ့ ယိုစိမ့်မှု​တွေ ဖြစ်လာတတ်ပါတယ်။

အမိုးနီးယား ဓါတ်​ငွေ့ဖြင့် ထိ​တွေ့တဲ့အခါ မျက်လုံး၊ လည်​ချောင်း၊ အ​ရေပြား၊ နှာ​ခေါင်း နဲ့ အသက်ရှူလမ်း​ကြောင်းတို့ကို ယားယံ​စေပါတယ်။ အမိုးနီးယားဟာ ​ရေမှာ​ပျော်ဝင်မှုအား အလွန်​ကောင်းတဲ့အတွက် စိုထိုင်းဆရှိ​သော မျက်လုံး၊ အ​ရေပြား၊ ပါးစပ်၊ နှာ​ခေါင်းတို့နှင့် ထိ​တွေ့တဲ့အခါ အမိုနီယံ ဟိုက်​ဒြောဆိုဒ် အဖြစ် ဓါတ်ပြုပြောင်းလဲသွားပြီး ဆဲလ်များကို ​ယောင်ယမ်း၊ ထိခိုက်၊ ပျက်စီး​စေနိုင်ပါတယ်။ ဓါတ်​ငွေ့ များများရှူမိလျှင် ​အောက်ဆီဂျင်ရရှိမှု ​လျော့နည်းလာပြီး အဆုတ်ကို ထိခိုက်​စေနိုင်ပါတယ်။

အမိုးနီးယားဓါတ်​ငွေ့နှင့် ထိ​တွေ့သည့်အခါ ဦးစွာ အသက်ရှူလမ်း​ကြောင်းအတွင်းသို့ မဝင်​ရောက်နိုင်​အောင် နှာ​ခေါင်း၊ ပါးစပ် တို့ကို ဖုံးအုပ်ပြီး ​လေဝင်​လေထွက်​ကောင်း​သော​နေရာ (တနည်း) ယိုစိမ့်​သော​နေရာမှ ​ခပ်​ဝေး​ဝေး သို့ ​သွားပါ။ မျက်လုံး၊ အ​ရေပြားတို့ကို သန့်ရှင်း​သော ​ရေဖြင့်၅ မိနစ်ခန့် ညင်သာစွာ ​ဆေး​ကြောပါ။ ယားယံ​သော (သို့) ထိခိုက်​သော​နေရာအား အပူ​ပေးခြင်း၊ ကုတ်ခြင်း မပြုလုပ်ရပါ။ ထိ​တွေ့မှုရှိ​ခဲ့သော အဝတ်အစားများကို လဲလှယ်ပါ။ ​အောက်ဆီဂျင်ပါ​သော ​လေကို များများရှူသွင်းသင့်ပြီး၊ ​ဆေးလိပ်​သောက်ခြင်းမျိုးကို ​ရှောင်ရှားသင့်ပါတယ်။ အနာဂတ်ပညာ​ရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page