ရန်ကုန်သူတွေကို ချစ်မယ်ဆို စမ်းချောင်းသူလေးတွေကိုပဲ ရွေးချယ်ရမယ့် အဓိက အချက်များ
ရန်ကုန်သူကို ကြိုက်မယ်ဆိုရင် စမ်းချောင်းသူတွေကို လုံးဝ ညွှန်းဆိုပေးပါတယ်။ ဘာလို့ဆို တခုခုဆို လက်တိုလက်တောင်းခိုင်းလို့ ကောင်းတာပါ။
“ချစ်တို့နားက spirit ကနေလေ” ဆိုပြီး မှာချင်တာမှာလို့ရသလို ပဒုမ္မာလမ်းက ဘားတွေမှာ ဘီယာဒိတ်လို့ရတာမို့ မှောင်နေပြီ အိမ်မပြန်ရဲတော့ဘူးဆိုတဲ့ ဒရာမာ ကနေလည်း လွတ်ကင်းပါတယ်။
မုန့်ဆိုင်တွေ အထပ်ထပ်ကာရံထားတဲ့ မြို့နယ်မို့ ကားမလို ဆိုက်ကားလေးနဲ့တင် ပတ်စားရင် ပါကင်ထိုးဖို့လည်း မပူတာမို့ ဆီဖိုးလည်း ချွေတာပြီးသားဖြစ်ပါတယ်။
ဆိုင်ကြီးတွေထက် ဆိုင်သေးသေးလေးတွေပဲ လာစုနေတာမို့ no brand just with you လည်းလုပ်လို့တအားကောင်းတာမို့ ငွေကုန်လည်းသက်သာပါတယ်။
ဒါ့ကြောင့် ရန်ကုန်သူဆိုတာနဲ့ စမ်းချောင်းကဖြစ်ဖို့ပိုအရေးကြီးပါတယ် ။ ခင်လို့ပြောပြတာ ညိုကီတို့ (Min Thike Tun)