ကုလို့ မရတဲ့ ရောဂါ စွဲကပ်နေတဲ့ တိုက်တန်းနစ်သီချင်း အဆိုတော် စီလင်းဒီယွန်
ကမ္ဘာကျော်အဆိုတော် စီလင်းဒီယွန် (Celine Dion) ဟာ ကုသလို့မရတဲ့ Stiff-person Syndrome (SPS) လို့ခေါ်တဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါတခုကို ခံစားနေရလို့ သူမရဲ့ ရှိုးပွဲတွေကို ၂၀၂၄ ထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အင်စတာဂရမ်ကနေ သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ဒီရောဂါဟာ အခုထိ သိပ္ပံနည်းကျ လေ့လာနေဆဲပဲရှိသေးပြီး သေချာမသိရှိရသေးပါဘူး။ အဲဒီရောဂါခံစားရတဲ့သူမှာ ကြွက်သားတွေ တောင့်တင်းပြီး လမ်းလျှောက်လို့မရ လှုပ်လို့မရ ဖြစ်တတ်ပါတယ်။ လူသားရုပ်ထုကြီးဖြစ်သွားတယ်လို့ အလွယ်ဆိုကြပါတယ်။
သူမရဲ့ ကြွက်သားတွေ တောင့်တင်းမှုကြောင့် နေ့စဉ်ဘဝမှာ ပြသနာရှိနေသလို သီချင်းဆိုလို့လဲ အဆင်မပြေဘူးလို့ သူမက ကိုယ်တိုင်ဖွင့်ဟပြောကြားသွားပါတယ်။
ဒီရောဂါကို ပျောက်ကင်းအောင် ကုသမရသေးပဲ သက်သာအောင်ပဲ လုပ်လို့ရသေးတယ်လို့ ဆိုပါတယ်။
သူမ သီဆိုခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း ” My heart will go on” ကတော့ အကျော်ကြားဆုံးသီချင်းပါပဲ။ Get Well Soon. (Nay Thway) (အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။)