ပြန်လည်ပြေးဆွဲတော့မယ့် ရန်ကုန်-ပုဂံရထား ထွက်မယ့်အချိန်နဲ့ လက်မှတ်ဈေးနှုန်းများ

ကိုဗစ်ကာလကတည်းက ရပ်နားထားတာဖြစ်တဲ့ ရန်ကုန်-ပုဂံ ရထားကို လာမယ့်ရက်ပိုင်းအတွင်း ပြန်လည်ပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားဌာနကနေ သိရပါတယ်။

ရန်ကုန်-ပုဂံ အမှတ် (၆၁) အဆန်၊ (၆၂) အစုန် အမြန်ရထားကို လာမယ့် ဇန်နဝါရီ ၂၃ ရက်ကစပြီး နေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားဆီက သိရပါတယ်။

ရန်ကုန်-ပုဂံပြေးဆွဲတဲ့ အမှတ် (၆၁) အဆန်နဲ့ (၆၂) အစုန်ရထားတွေဟာ ရန်ကုန်ဘူတာကြီးနဲ့ ပုဂံဘူတာတွေကနေ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ ပုဂံအထိကို ၇၂၀၀ ကျသင့်မှာ ဖြစ်ပြီး လက်မှတ်ဈေးနှုန်း အပြည့်အစုံကို ထပ်မံ ဖော်ပြသွားမယ်လို့ သိရပါတယ်။

အဲ့ဒီရထားလမ်းပိုင်းမှာ ကြားဘူတာ၂၃ ဘူတာ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရထားတွဲဆိုင်းတွေအနေနဲ့ ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၁ တွဲ၊ အထက်တန်းအိပ်စင်တစ်တွဲနဲ့ ဘရိတ်တွဲ ၁ တွဲ တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေ အသွားအလာ များပြားနေတဲ့ ပုဂံဒေသကို ဈေးနှုန်းသက်သာတဲ့ ရထားပြေးဆွဲပေးပေမယ့်လည်း လုံခြုံမှု ရှိမရှိကို အာမ မခံနိုင်သေးဘူးလို့ သိရပါတယ်။ ရန်ကုန်ကနေ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ထွက်ခွာပေမယ့်လည်း မြန်မာ့မီးရထား ထုံးစံအတိုင်း ပုဂံကို ဘယ်အချိန်ရောက်နိုင်မယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page