မန္တလေးက အင်အားပြင်း ငလျင်၊ စိန်ဖူးတော် မြေခခြင်းနဲ့ နတ်တော်လ ငလျင်လှုပ်ခြင်း နိမိတ်

ယနေ့ နံနက် ၃ နာရီကျော်က အင်အား ၅.၂ အဆင့်ရှိတဲ့ မြေငလျင် မန္တလေးတိုင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာလို့ မိုး/ဇလက ပြောကြား ထားသလို ယင်း ငလျင်လှုတ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ပုလိပ် မြို့တွင် နေထိုင်သူများ သိသိသာသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာ ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခဲ့သလို မဏိရတနာကျောင်း တော်ကြီး၏ မျက်နှာကျက်များပြိုကျခြင်းနှင့်အတူ အခြား ပျက်စီးမှုအ ချို့ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ငလျင်ကြောင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီရုပ်ကြီးတွင် ယခင်က အက်ကြောင်းထပ်နေတဲ့ နေရာကနေ တစ်ခြမ်းပဲ့ကျခဲ့တယ်လို့လည်း ပြောပါတယ်။ ငလျင်လှုတ်ခတ်မှု ကို မြင်းခြံ၊ ဝမ်းတွင်း၊ သဲတော၊ မုံရွာ၊ မိုးကုတ် ၊ ရွှေဘို ၊စစ်ကိုင်း ၊ ပြင်ဦးလွင်၊နောင်ချို နှင့် တောင်ကြီးမြို့ဒေသခံတွေလည်း သိရှိခဲ့ကြတယ်လို့ ပြောပါတယ်။

မြန်မာ့ရိုးရာ ဗေဒင်ပညာအရ ယခုလို နတ်တော်လအတွင်း ငလျင်လှုပ်ပါက သတ္တန္တရကပ်ကြီး ကျရောက်နိုင်ကာ စစ်မက်အကြီးအကျယ် ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

မင်းကွန်းမှ ခြင်္သေ့ကြီး ပြိုကျခြင်း၊ ကြာသာပတေးနေ့နံ ရှိတဲ့ ဘုရားစေတီရဲ့ စိန်ဖူးတော် မြေခခြင်းဟာလည်း ထူးခြားတဲ့ အတိတ်နိမိတ်တခု ဖြစ်နိုင်တယ်လို့ ပြည်သူများက မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။ မန္တလေးမှာ ရှိတဲ့ ပြည်သူတွေကတော့ ငလျင်တွေ ထပ်မံလှုပ်ခတ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page