လတ်တလော ပျောက်သွားတဲ့ ကလေးတွေ ကြုံတွေ့ရနိုင်တဲ့ အခြေအနေ (မိဘတွေ သင်ခန်းစာ ယူကြပါဗျာ)

မန်းလေးမှာ ကလေးပျောက်တဲ့ ပို့စ်တွေ့လို့ ရေးပါရစေ။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက မန်းလေးမှာ သူဌေးမိသားစုတစု သူတို့ကလေး မူကြိုကအပြန်မှာ ပျောက်သွားခဲ့ပါတယ်။ အိမ်ကလာမကြိုခင်လေးမှာ ဖြစ်သွားခဲ့တာ။

အဲ့ဒီကလေးတစ်ယောက်ဘဲရှိလို့ အမေလုပ်သူမှာ ရူးမတတ်ဖြစ်သွားတယ်။ ပိုက်ဆံရှိမိသားစုဖြစ်လို့ ဇုံမြို့တွေက စစ်ဆေးရေးဂိတ်တွေမှာ အကူအညီတောင်းပြီး ပတ်ရှာကျပါတယ်။ ကလေးလူကုန်ကူးခံရတယ်ထင်လို့ လားရှိုး မူဆယ် ပြင်ဦးလွင် မိတ္ထီလာ စစ်ကိုင်း အစုံပါဘဲ။

မန်းလေးက အထွက်မြို့ လမ်းဆုံကျတဲ့မြို့ မှန်သမျှ အကူအညီတောင်းပြီး ပတ်ရှာကျပါတယ်။ တစ်နှစ်လောက်ကြာသွားတယ် ဘာမှမထူးခဲ့ဘူး။ တစ်ရက်တော့ မန်းလေးမှာ ရတနာပုံစျေးကြီး မီးလောင်ပါတယ်။ အဲ့မှာ တောင်းစားတဲ့သူတွေက ရရာယူဖို့ လုဖို့ စျေးဘက်ကို ပြေးကျပါတယ်။

အဲ့ထဲမှာ တောင်းစားတဲ့ကလေးလေးတွေလည်း ပါတယ်။ အဲ့ဒီတောင်းစားတဲ့ ကလေးတွေထဲမှာ ပျောက်သွားတဲ့ ကလေးလည်း ပါခဲ့ပြီး မီးလောင်တာကို ဆိုင်ကယ်ရပ်ပြီး အဝေးကကြည့်နေတဲ့ သူ့မူကြိုကျောင်းက ဆရာမကိုတွေ့သွားခဲ့ပါတယ်။

ကလေးက “ဆရာမ ဆရာမ ဆရာမ” လို့ အော်ခေါ်ပြီး လက်သွားဆွဲခဲ့တယ်။ ဆရာမလုပ်သူက ရုတ်တရက် မမှတ်မိဘဲ ပြီးမှ ဝမ်းလည်းသာ ငိုလည်းငိုရင်း ကလေးကိုဖက်လိုက်ပါတယ်။ ‘သားလေး ဘယ်တွေရောက်နေတာလဲ ကလေးရယ်။ ဆရာမတို့ သားသားကို လိုက်ရှာနေတာ” ဆိုပြီး ကလေးအမေဆီ ချက်ချင်းဖုန်းဆက်ပြီး ကလေးကိုလည်း ဆေးရုံတွေ ဘာတွေ ချက်ချင်းတင်ကျ လုပ်ကျပါတယ်။

ကလေးက အရမ်းပိန်လှီသွားပါတယ်။ ကလေးကို မေးကျတဲ့အခါ ကျောင်းကအပြန်မှာ မုန့်ကျွေးပြီး မေမေကလာကြိုခိုင်းတာ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာတဲ့။ တောင်းစားတဲ့သူတွေက နေ့တိုင်း ကလေးကို ခွက်တစ်လုံးနဲ့ တခြားကလေးတွေနဲ့အတူ ရောတောင်းခိုင်းပြီး ပိုက်ဆံမရတဲ့နေ့တွေဆို အ-ိုက်ခံရပြီး ထမင်းလည်းမကျွေးဘူးတဲ့။

အစာရေစာ မဝလို့ ကလေးက ပိန်လှီပြီး အားဆေးတွေသွင်း ဘာညာလုပ်လိုက်ရပါတယ်။ ခေတ်ကာလက မကောင်းတာမို့ မိဘတွေ ကိုယ့်ကလေးတွေကိုယ် ပိုပြီး ဂရုစိုက်စေချင်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page