ဘာသာစကား (၃) မျိုးတတ်တဲ့ ဆရာမကြီးရဲ့ ဝမ်းနည်းစရာအဖြစ် (မြန်မာပြည် ဒီလိုတောင် ဖြစ်နေပြီလား)
စီးပွားရေးစနစ် လုံးဝပျက်ယွင်းလုနီးပါး ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဘာသာစကား (၃) မျိုးတတ်တဲ့ ဆရာမကြီး တယောက်ရဲ့ သနားစရာ အဖြစ်အပျက်အကြောင်းကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-
စိတ်မကောင်းလိုက်တာ ပုဇွန်တောင်ဘက်မှာ ပစ္စည်းတင်နေတုန်း ခါးကုန်းကုန်းလေးနဲ့ အမေကြီးတစ်ယောက် လာပေးတာ။
အသက်က ၇၂ ထဲဝင်နေပြီသားရယ်။ ဒါပေမယ့် ခါးကုန်းတာတစ်ခုကလွဲရင် ဆရာမကြီးက ကျန်းမာနေတုန်း မဟုတ်လားတဲ့ စာသင်တာအရမ်းကောင်းတာနော် (သူ့ကိုယ်သူ) သူက အိမ်မှာလည်း သင်ပါတယ်တဲ့ ဝိုင်းဆိုလည်း လိုက်သင်ပါ့မယ်တဲ့
စီးပွားရေးအရမ်းကျပ်တည်းလို့ သားတို့ လာတက်နော်တဲ့ သား လာဖို့မအားသေးရင်လည်း ကြော်ငြာပေးပါကွယ်တဲ့။ ဆရာမကြီးက အခုနားသိပ်မကြားတော့ဘူး။ ဒါလေးလည်းပျက်နေတာ ပြင်ဖို့တောင်ပိုက်ဆံမရှိပါဘူး သားရယ်တဲ့ (သူ့နားကြားကိရိယာလေး ထုတ်ပြရှာတယ်)
ပြီးတော့ လေယာဉ်ပေါ်မှာဆို ဂျပန်လို သားဘယ်လိုပြောမလဲ ဆိုပြီး အဓိပ္ပါယ်တစ်ခုတည်းကို ဂျပန်လိုရော ကိုးရီးယားလိုရော တရုတ်လိုရော ပြောပြရှာတယ်။ တကယ်လည်း တစ်ခုချင်းစီကို အသံထွက် ပီပီပြင်ပြင်ပြောပြနိုင်တဲ့ ဆရာမကြီးပါ။ သင်တန်းတက်လိုတဲ့သူတွေ တက်နိုင်အောင်လို့ သူပေးခဲ့တဲ့ သူ့လိပ်စာလေး တင်ပေးလိုက်တယ်နော်။ စုံစမ်းကြည့်ပေါ့ ကူညီရာလည်းရောက်ပါတယ် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)