တောင်ကိုရီးယားရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ထဲမှာ ကြွေလွင့်သွားခဲ့ရတဲ့ ကေပေါ့စတားတဦး

ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်သံရှိုး ပြိုင်ပွဲဝင်ဟောင်း လီဂျီဟန်ဟာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီတေးဝန်ကြေကွဲစရာဖြစ်ရပ်ထဲ ပါဝင်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် အီတေးဝန် မတော်တဆဖြစ်ရပ်မှာ လီဂျီဟန် ကွယ်လွန်ခဲ့သည်မှာ မှန်ကန်ပါတယ်လို့ သူ့ရဲ့ အေဂျင်စီက အောက်တိုဘာ ၃၀ ရက်နေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“အဲဒီသတင်းမမှန်ပါဘူးလို့ ကျွန်တော်တို့က ယုံထားခဲ့တာ။ အခုတော့ သတင်းကြားရတော့ အတော်တုန်လှုပ်သွားရတယ်။ မိသားစုဟာ အလွန်ထိခိုက်ကြေကွဲနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အထူးသတိထားနေရတယ်။ သူကောင်းမွန်ရာ ငြိမ်းအေးစွာနားခိုနိုင်ပါစေ” လို့ အေဂျင်စီကိုယ်စားလှယ်က ပြောပါတယ်။

လီဂျီဟန်ဟာ ၂၀၁၇ခုနှစ်၌ သီချင်းဆိုပြိုင်ပွဲတခုမှာ သီချင်းဆိုဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများလာသူဖြစ်ပြီး ၂၀၁၉ ခုနှစ်ကထုတ်လုပ်တဲ့ ဝက်ဘ်ဒရာမာ တခုမှာလည်း သရုပ်ဆောင်မင်းသားဖြစ်ခဲ့သူ ဖြစ်ပါတယ်။

သူသေဆုံးချိန်မှာ အသက် ၂၄ နှစ်ရှိပြီဖြစ်ပါတယ်။ စနေနေ့ညက ဖြစ်ခဲ့တဲ့ ဟော်လိုဝင်ပွဲ လူအုပ်ပြိုလဲမှုကြောင့် လူပေါင်း ၁၅၄ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page