ထိုင်းပစ္စည်းတွေ မြန်မာပြည်မှာ ဈေးပိုသက်သာရတဲ့ နောက်ကွယ်က အကြောင်းရင်း

ကိုယ့်နိုင်ငံက လူတွေအသက်တိုကြတာလည်း မပြောနဲ့၊ အချို့က၊ တရုတ်ပစ္စည်း (အဆင့်နိမ့်) တွေသာ ကိုယ့်နိုင်ငံထဲ ဝင်နေတယ်လို့ ထင်နေကြတာ။ လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန် အဖျာ်ရည်ယမကာ အမျိုးမျိုးသွင်းနေတဲ့ ထိုင်းနိုင်ငံဖက်က လာတဲ့ပစ္စည်းတွေကိုတော့ တဆင့်နိမ့်တွေလို့ မထင်ကြဘူး။

လေ့လာ မိသလောက် ထိုင်းဖက်ကနေ ကိုယ့်ပြည်တွင်းကို ဝင်လာသမျှတွေဟာ အရာရာအဆင့်နိမ့်တွေချည်းဖြစ်သလို အဲ့ပစ္စည်းတွေကိုလည်း သွင်းလာတဲ့ ထိုင်းနိုင်ငံမှာ သွားရှာဝယ်လို့မရ​ကြဘူး။ နယ်စပ်ကုန်သွယ်ရေးစခန်း မှန်သမျှမှာလည်း FDA စစ်ဆေးဓါတ်ခွဲနိုင်တဲ့ ခေတ်မီစက်ကရိယာတွေ မထားနိုင် မစစ်နိုင်​ကြတော့ ပိုဆိုးကြတယ်။

ဥပမာ ထိုင်းကလာတဲ့ အချိုမှုန့်၊ ဆပ်ပြာမှုန့်၊ အချိုရည်မှန်သမျှနဲ့ စင်းဂါးဘီယာလိုမျိုးတွေဆိုရင် အကုန်အဆင့်နိမ့်တွေချည်းဘဲ ဖြစ်ပြီး စျေးလည်းချိုကြတယ်။ မယုံရ င်ဒီပစ္စည်းကိုဘဲ သွင်းလာတဲ့ စျေးထက်ချပြီး ထိုင်းဖက်ပြန်သွင်းကြည့်ရင် ထိုင်းကာစတန်နဲ့ FDA ကလုံးဝအဝင်ခံမှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စံချိန်စံညွှန်းတွေ မမီလို့၊ ဓာတုများပြီး စားသုံးရန် မသင့်လို့ဆိုတဲ့ အဖြေ ထွက်မှာပါ။

ဒါ့ကြောင့်မို့ဘဲ စင်းဂါးဘီယာတစ်ဗူးဆိုရင် ကိုယ့်နိုင်ငံမှာ ၁၅၀၀ ဆိုရင် ထိုင်းမှာဘရန်းတူကိုဘဲ ၂၀၀၀ လောက် ပေးကြရတယ်လို့ ဆိုကြတာ။ အချိုမှုန့်၊ အချိုရည်၊ အလှကုန်တွေလည်း အလားတူ။ ဒါ့မို့ဆိုချင်တာက ငတို့က ချိုင်းနားမိတ် ဆိုနိုး၊ ထိုင်းမိတ်မှသုံးတာလို့ စိတ်ကြီးမဝင်ကြပါနဲ့၊ စိတ်ချယုံကြည်ပြီး မသုံးကြပါနဲ့။ အသက်တိုတတ်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ့်မြန်မာ့နည်းမြန်မာ့ဟန် အစားအသောက်၊ သစ်သီးဖျော်ရည်၊ ဆန်၊ ကောက်ညှင်းအရက်စစ်စစ်လေးတွေကိုသာ သောက်သုံးကြစေချင်ပါတယ်။ (Thanphyo Naing) အောက်မှာ Thailand info for Myanmar page ကတင်ထားတဲ့စာလေးဆက်ဖတ်ကြည့်ပါ။

မြန်မာနိုင်ငံထဲမှာ ရောင်းနေတဲ့ ထိုင်းထုတ်ကုန်တွေ က ထိုင်းနိုင်ငံထဲမှာ ရောင်းတဲ့ဈေးတွေထက် ဘာလို့ သက်သာနေတာလဲဆိုပြီး ဘန်ကောက်ရောက် မြန်မာတွေ တော်တော်များများ မေးကြတာ မကြာခဏ ကြုံဖူးပါတယ်။

ကိုယ်တိုင်လည်း ရန်ကုန်မှာ ခဏ ပြန်နေစဉ်ကာလအတွင်း ထိုင်းမှာ သုံးနေကျ တံဆိပ်တွေက ရန်ကုန်မှာ ပိုဈေးသက်သာနေတာ လက်တွေ့မြင်ခဲ့ရဖူးပါတယ်။ အဲဒီ အဖြေက ဘာလို့လဲ ဆိုရင် ထိုင်းပြည်တွင်းထုတ်ကုန်တွေက Thailand Industrial Standard (TIS) ဆိုတဲ့ အရည်အသွေးစံနှုန်း သတ်မှတ်ချက်အတိုင်း ထုတ်ရပါတယ်၊ ထုတ်ချင်သလို ထုတ်လို့မရပါ။

စားသောက်ကုန်တွေ၊ အလှကုန်တွေ ဆိုရင်လည်း FDA သတ်မှတ်ချက် စံညွှန်းတွေ အတိုင်းထုတ်ရပါတယ်။ Thai Industrial Standard သတ်မှတ်ချက်တွေက ဂျပန်နဲ့ အမေရိကန်ရဲ့ industrial standard ကို မှီငြမ်းပြီး ထိုင်းနိုင်ငံနဲ့ကိုက်ညီမယ့် စံနှုန်းအဖြစ်သတ်မှတ်ထားတာမို့ ထိုင်းပြည်တွင်း ထုတ်ကုန်တွေရဲ့ အရည်အသွေးက မြင့်ကြပါတယ်။

မြန်မာဖက်မှာကျတော့ Myanmar Industrial Standard ဆိုပြီး သတ်မှတ်ထားတာ မရှိပါ (ရှိခဲ့ရင်လည်းစာရွက်ပေါ်မှာပဲ ရှိမယ်ထင်ပါတယ်) အဲဒါကြောင့် မြန်မာဖက်ပို့မယ့် ထုတ်ကုန်တွေကို တံဆိပ်ချင်းတူပေမယ့် အရည်အသွေးလျော့ချပြီး သပ်သပ်ထုတ်ကြပါတယ်၊

အဲ့ product တွေကို ထိုင်းနိုင်ငံတွင်း ရောင်းခွင့်မရှိပါ။ မြန်မာပြည်ဖက်ဝင်တဲ့ တချို့ထုတ်ကုန်တွေမှာ export only တံဆိပ်ကပ်ပြီး ဝင်လာတဲ့ ထိုင်းထုတ်ကုန်တွေ တွေ့ဖူးမှာပါ။ အဲဒါတွေက ထိုင်းပြည်တွင်း quality ထက်လျော့ချပြီးထုတ်တာပါ။

မြန်မာဖက်မှာက Industrial Standard သတ်မှတ်ချက် ဆိုတာကလဲ မရှိ၊ Import Quality Control ဆိုတာကလည်း မရှိ၊ ရှိခဲ့ရင်တောင် တရားဥပဒေအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်တဲ့ ဥပဒေစိုးမိုးမှုဆိုတာကလည်း မရှိလေတော့ မြန်မာဖက်ကို အိမ်နီးချင်းနိုင်ငံတွေက ဝင်သမျှတွေဟာ တံဆိပ်ချင်းတူရင်တောင် quality နိမ့်နိမ့် ဈေးပါလျော့ပြီး ဝင်လာကြပါတယ်။

ထိုင်းမှာရှိတဲ့ နာမည်ကြီး product တွေထုတ်တဲ့ စက်ရုံတွေမှာ မြန်မာဖက်ပို့ချင်လို့ quality လျော့ပြီးထုတ်ပေးပါဆိုပြီး မှာလို့ပါ ရပါတယ်၊ ထိုင်းနိုင်ငံထဲတော့ ရောင်းခွင့်မရှိပေါ့။ အဲထက်ဆိုးတာ ရှိပါသေးတယ်။ အဲဒါကတော့ expire နီးတဲ့ ပစ္စည်းတွေ၊ expire ကုန်ပြီး ကောင်းနေသေးတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေက defect ဖြစ်လို့ ပယ်တဲ့ ပစ္စည်းတွေကို refurbish ပြန်လုပ်၊ တံဆိပ်တွေ ပြန်ပြင်ကပ်၊ ဘူးတွေပြန်ပြောင်း၊ စတာတွေ လုပ်ပြီး မြန်မာဖက် ပြန်ပို့တာပါပဲ။

အဲလိုတွေလုပ်နေတာ အခုမှ မဟုတ်ပါဘူး အရင် စစ်အစိုးရသက်တမ်း အဆက်ဆက် ဆယ်စုနှစ် ၃ ခုကျော်မက ကထဲက လုပ်နေတာကြာပါပြီ။ တရားဥပဒေ စိုးမိုးမှုကလည်းမရှိ၊ ကုန်သွယ်ရေးလမ်းကြောင်း တလျောက်မှာလဲ အခွန်မဟုတ်တဲ့ Under-table Cost တွေက အရမ်းများနေတော့ ကုန်သည်တွေကလည်း ဈေးနိမ့်ပြီး အမြတ်များမယ့် လမ်းပဲရွေးမှာပါ၊

မြန်မာနိုင်ငံမှာ Industrial Standard တွေ Consumer Protection ဥပဒေတွေ သေချာထုတ်ပြီး စားသုံးသူပြည်သူကို (ဥပဒေလက်တလုံးခြားမလုပ်ပဲ) မကာကွယ်နိုင်သေး သ၍ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အမှိုက်ပစ်တာကို ခံနေရဦးမှာပါ။ ပြည်သူကို စနစ်တကျ ကာကွယ်ပေးမယ့် အစိုးရနဲ့ တရားဥပဒေ စိုးမိုးမှု မရှိသ၍ နောက်ဆုံး ခံရမှာကတော့ ပြည်သူပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page