အခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားပြီး အဖြစ်များလာသော ကမြင်းနီကောင်ကိုက်တဲ့ ရောဂါ
“ဝါဝါမြင်တိုင်းရွှေမဟုတ် Eschar မြင်တိုင်း ကမြင်းနီကောင် မဟုတ်” (ဒေါက်တာကျော်လွင်)
Scrub typhus မြန်မာလို ကမြင်းနီကောင်ကိုက်တဲ့ရောဂါက အခုနောက်ပိုင်းအတော်ခေတ်စားပြီး လူသိများလာပါတယ်.. ဖေ့ဘွတ် တန်ခိုးကြောင့်လဲပါသပေါ့.. တကယ်တော့ ဒီရောဂါကမြန်မာပြည်မှာ အဖြစ်များပြီးအမြဲတွေ့ရတယ့် endemic ရောဂါတစ်ခုပါ.. တကယ်တော့ ကမြင်းနီကောင်မှာကပ်တွယ်နေတဲ့ rickettiae ဆိုတဲ့ ပိုးမွှားကြောင့်ဖြစ်တာပါ..
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ကျော်လွင်တစ်ယောက် ဆရာဝန်ဖြစ်ခါစအရွယ်မှာစတွေ့ဖူးပါတယ်.. ကိုယ်တိုင်ဆေးခန်းထိုင်ပြီး တွေ့ခဲ့ဖူး ကုခဲ့ဖူးပါတယ်.. မှတ်မှတ်ရရ ဧရာဝတီမြစ်ထဲကရှမ်းကလေးကျွန်းရွာမှာဆေးခန်းဖွင့်တော့ ဆေးခန်းကူတဲ့သူကဖျားလို့လာပြပါတယ်.. တစ်ညလုံးအိပ်မပျော်ကယောင်ကတန်းတွေဖြစ် အဖျားတက် သူကရွာအနောက်ဖက်ကကိုင်းတောထဲ ပြောင်းဖူးချိုး မြေပဲနှုတ်အမြဲသွားနေတာ သေသေချာချာရှာကြည့်မှ eschar တွေ့လို့ စာဖတ်ထားတာလဲရှိနေတာနဲ့ကုသပေးလိုက်တာကောင်းသွားပါတယ် early diagnosis ကအလွန်အရေးကြီးလှပါတယ်..
နောက်တစ်ယောက်က တက္ကသိုလ်ကျောင်းသားလေး အဲဒီတုန်းကရတနာပုံတက္ကသိုလ်ဖွင့်ခါစ စာသင်ဆောင်တွေကတောရှင်းပြီးမြေစိုက်တဲတွေနဲ့သင်ကြရတာ အဲဒီမှာလဲ သေချာရှာတော့ eschar တွေ့ပါတယ်.. ကျော်လွင်ဆေးခန်းဖွင့်တဲ့နေရာတွေက ချောင်ကျလှတယ် ၅၆ လမ်းအရှေ့ဘက်အောင်ပင်လယ်ရွာသစ်ဘက်လဲဖွင့်ခဲ့ဖူးတော့ scrub typhus တော်တော်များများတွေ့ခဲ့ဖူးပါတယ်.. ဖေ့ဘွတ် မရှိသေးတဲ့ခေတ်ပေါ့ အခုတော့လဲ scrub typhus ဆိုတာအခုမှပဲပေါ်တဲ့ရောဂါအသစ်အဆန်း လိုလိုဖြစ်နေတယ်..
ကျောက်ကပ်ဆရာဝန်ဘဝမှာတော့ အဲဒီရောဂါကြောင့် ကျောက်ကပ်ပျက်လို့ကျောက်ကပ်ဆေးပေးနေရတယ်.. တကယ်တော့ကျောက်ကပ်ကတော့ နေရာတကာတကယ့်ပါရာစိန်ပါပဲ ကိုဗစ် မှာတောင်မလွတ် ငှက်ဖျားဖြစ်ရင်လဲပါ ဝမ်းလျောရင်လဲပါမြွေပွေးကိုက်လဲပါ ယုတ်စွအဆုံးတညင်းသီးစားရင်လဲပါ စားပိုးနင့်ရောဂါလို့ပြောရမယ့် acute pancreatitis မုန့်ချိုအိပ်ယောင်ရောဂါမှာလဲပါ သူမပါတာ မရှိသလောက်ပါပဲ ဒါကြောင့်လဲကျောက်ကပ်ဆရာဝန်ဖြစ်ချင်ရင် internal medicine ဆိုတဲ့ဆေးပညာကိုကျွမ်းကျင်မှသာလက်ခံပါတယ်..
အခုလဲတွေ့ပြီလေ.. တစ်နေ့က ကျော်လွင် ward ထဲမှာ လူနာကြည့်နေတုန်း medical unit တစ်ခုက ပဒူကောင်ကိုက်ပြီးကျောက်ကပ်ပျက်လို့ပြလာလို့လူနာကို ကျောက်ကပ်ဆောင်မှာခေါ်ထားပြီး ကျောက်ကပ်ဆေးပေးနေရပါတယ်..
လူနာက stay home မှာအငြိမ်မနေပဲ ခြံရှင်းရင်း ပဒူအုံကိုဒုတ်နဲ့ထိုးယုံတင်မက ပေါက်ပြားနဲ့ပါပေါက်လိုက်တော့ ပွဲသိမ်းပြီပေါ့ သူကပျားလိုပါပဲ bite လိုမသုံးရပါဘူး barbedwire လိုဖြစ်နေတဲ့ဆူးနဲ့ထိုးတာပါ.. မြန်မာလိုတော့ပျားတုပ်တယ် အခုဟာက ပဒူဆိုတော့ ပဒူတုပ်တယ်လို့ပြောရမယ်ထင်တယ်..
ဘိုလိုပြောမယ်ဆိုရင်တော့ wasp sting ပေါ့.. သူရဲ့ထူးခြားချက်က တစ်ကောင်ကအချက်ပေးရင် အကုန်ဝိုင်းတုပ်ကြတာပါပဲ.. တစ်ကောင်က pheronone ဆိုတဲ့အချက်ပေးစနစ်ပြောရမလားပဲ ထုတ်လိုက်တာနဲ့အကုန်ဝိုင်းပြီးတွယ်တော့တာပါပဲ.. ကျော်လွင့်လူနာတော့ ကံကောင်းလို့မသေ အခုတော့ကျောက်ကပ်ပျက်စီးလို့ကျောက်ကပ်ဆေးနေရပြီလေ..
ဒါကြောင့်stay home မို့စိတ်ချရပြီမထင်ကြပါနဲ့ သေတတ်တဲ့သတ်တတ်တဲ့ အတွင်းရန်ခန္ဓာငါးပါးကိုရထားကြတဲ့ ပုထုဇဉ်တွေမို့ အချိန်မရွေးပျက်ဆီးသွားနိုင်တဲ့အနိစ္စတရား ဒုက္ခတရား အစိုးမရတဲ့အနတ္တတရားကို အမြဲဆင်ခြင်သုံးသပ်နိုင်ကြစေလို့…
ဒေါက်တာကျော်လွင်