ဝါးခယ်မကတော့ လက်ကုန်ပဲ (ဟင်းမျိုးစုံနဲ့ ထမင်းအဝစားပြီးရင် အိမ်ပြန်လက်ဆောင်ပါ ထည့်ပေးတာတဲ့)
ဝါးခယ်မမြို့ စေတနာရှင်များ မြန်ကောင်းသက်သာ (၅၀၀) ကျပ် ထမင်းဆိုင်ကတော့ အများနဲ့ မတူ တမူထူးခြားစွာ လုပ်ပြလိုက်ပြီ ဖြစ်ပါတယ်။
ပြည်သူများ နှစ်သက်ရာ ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးဒန်ဟင်း၊ ငါးသလောက်ဟင်း၊ ဘဲဥဟင်း နှစ်သက်ရာဟင်း တစ်မျိုးမျိုးဖြင့် လာရောက် သုံးဆောင်နိုင်ပါတယ်။
ပဲသီးကြော်၊ ကန်စွန်းရွက်ကြော်၊ အရန်အသီးအရွက်ကြော် တမျိုး၊ ငါးပိရည်ဖျော်၊ တို့စရာအစုံနှင့် ထမင်း ကြို က်သလောက် စားသုံးနိုင်ပါတယ်။ စားသောက်ရင်း အမောပြေ အအေးအဖြစ် ဇီးဖျော်ရည် ချိုအေးမွှေးကိုလဲ သောက်သုံးနိုင်ပါတယ်။
အိမ်ပြန် လက်ဆောင်အဖြစ် လာစားတဲ့သူတိုင်းကို ကြက်ဥ ၂ လုံးစီ ပေးဝေသွားမှာ ဖြစ်ပါတယ်။ လူ (၅၀၀) စာ ပြင်ဆင်ထားတဲ့ အတွက် အားလုံး လူတိုင်းစေ့ ဝဝလင်လင် စားနိုင်ဖို့ အာမခံပါတယ်။
ပြည်သူက ပြည်သူကို ကူကြမယ့် ပွဲမှာ အလှူရှင်တွေနဲ့ စေတနာရှင် လုပ်အားပေး မောင်မယ် ညီအစ်ကိုတွေ ဟန်ချက် ညီညီနဲ့ စုပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေဟာ အခုဆိုရင် မြန်ပြည်အနှံ့မှာ ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။
အစားအစာတွေတင်မက လူသုံးပစ္စည်းများကိုလည်း ယခုလို သက်သာချောင်ချိစွာ ရောင်းချပေးနိုင်တဲ့ စေတနာဇောတိကများ ပေါ်ထွန်းလာပါစေလို့ မျှော်လင့်လျက် လှူဒါန်းသူတွေနဲ့ ဝေယျာဝစ္စ ဒါနရှင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။