” နံရံတွေမှာ နားတွေရှိတယ် ” ဆိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်
” နံရံတွေမှာ နားတွေရှိတယ် ”
စကားပြောသည့်အခါ၌…… ကိုယ်ပြောသည့်စကားအား ဆင်ခြင်ပြီးပြောပါ ။ နံရံတိုင်းမှာ နားတွေရှိနေပါတယ် ။
သင့်ရှေ့မှာ ပြုံးပြနေသော်လည်း…… နောက်ကျောဓားနဲ့ ထိုးချင်သူတွေ…… အမြဲတစေ ရှိနေနိုင်ပါတယ်…။ ထို့ကြောင့်..စကားကို ဆင်ခြင်ပြောပါ ။ အများနဲ့နေတဲ့အခါ စကားတွေကို…… သတိထားပြောပါ ။ လူတစ်ချို့က…… ကိုယ့်အမှားကို စောင့်ကြည့်နေတတ်ပါတယ် ။
လောကကြီးမှာ ပြောနေကြတဲ့…… စကားအများစုက…… သူများမကောင်းကြောင်းနဲ့…… ကိုယ်ကောင်းကြောင်းက များနေပါတယ် ။
အဲဒီလိုမျိုး အနှစ်သာရမရှိတဲ့…… စကားတွေကို ပြောဆိုနေကြတဲ့ လောကကြီးထဲမှာ…… တကယ့်အနှစ်သာရရှိပြီး မြင့်မြတ်တဲ့ စကားဆိုတာ…… ဘယ်လိုစကားတုန်းဆိုရင် မြတ်စွာဘုရားကဟောထားပါတယ်။ ကြားလိုက်ရရင် ကိုယ့်ရဲ့နှလုံးစိတ်ဝမ်းကို…… အေးချမ်းသွားစေတယ်။ ရာဂ ဒေါသ မောဟတွေကို ငြိမ်းသွားစေတယ်။ ဒီလိုစကားမျိုးဆိုရင်တော့…… တစ်ခွန်းတည်းပင်ဖြစ်ပါစေ မြတ်တယ် ပြောပါ ” တဲ့ ။ ထို့ကြောင့်…ပြောသင့်သည့်စကားလား…… မပြောသင့်သည့်စကားလား…… ဝေခွဲကာ ပြောသင့်သည့်စကားကိုသာ ရွေးပြောပါ ။
မပြောသင့်တဲ့စကားတွေ ပြောမိပြီဆိုရင်…… ကိုယ့်စကားအမှားကို စောင့်ကာ တခြားသူတွေထံ…… စကားအရောင်းအဝယ်လုပ်နေသူတွေ ရှိနေပါတယ် ။ နံရံတွေမှာ နားတွေရှိနေတယ်ဆိုတာ…… ဒါကိုပြောတာပါ ။
တစ်ယောက်နဲ့တစ်ယောက်…… စကားတွေကို ဖြေရှင်းရပြီဆိုရင်လည်း…… သိပ်ကြောက်စရာကောင်းလှပါတယ် ။ ထို့ကြောင့်….. စကားတွေကို ဆင်ခြင်သတိ အမြဲရှိကာ…… အန္တရာယ်ကင်းကင်းနဲ့…… ပြောနိုင်ဖို့ ဒီပိုစ့်လေးနဲ့ သတိပေးလိုက်ပါတယ်….။
စိမ်းလန်းမေ (ကလေး)