လူတွေ အရမ်းကြိုက်နေကြတဲ့ မူကထ အကင်ရဲ့ အန္တရာယ်များ (မူကထမှ ကြိုက်တဲ့သူတွေ ဖတ်ဖို့)

“ဒီညနေမှာသူငယ်ချင်းတို့နဲ့ ဆုံရင် ဘာစားကြမလဲဆိုရင် မူကထ သာဖြစ်ကြမည်။ ဘာကြောင့်လဲဆိုတော့ ပေးရတဲ့ဈေးနဲ့တန်ပြီး အချိန်အကန့်အသတ်မရှိ စားနိုင်တာကြောင့်ပါ။ မူကထ စားတဲ့ လူတွေဟာ ကိုယ်အလေးချိန် ခဏလေးနဲ့ တက်နိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်က ကိုယ်အလေးချိန် တက်လာတာမဟုတ်ပါဘူး။ ဒါပေမယ့် “ကင်ဆာ” လိုမျိုး လူတော်တော်များများ သိကြတဲ့ ရောဂါထက် ခန္ဓာကိုယ်ကိုပိုပျက်စီးစေတယ်။

မူကထ၏ အန္တရာယ်များ၊ (၁) ဝက်သား – ဝက်သားစားချင်သူတိုင်း ဝက်သားဆိုင်ရှိ ဝက်သားကို နှပ်ထားပြီးသားဖြစ်ကြောင်း တွေ့နိုင်မည်။ ဒါပေမဲ့ အဲဒီဝက်တွေကို စံချိန်မမီတဲ့ ထုတ်လုပ်သူတွေဆီက ဝယ်တယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း မချက်ပြုတ်ရသေးဘဲ အကင်စားမိရာတွင် ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ နားပင်းခြင်း၊ တက်ခြင်း (သို့မဟုတ်) လေဖြတ်ခြင်း ဖြစ်နိုင်သည်။ တချို့လူတွေမှာ နမိုးနီးယားအမြင်အာရုံမှုန်ဝါးခြင်းနဲ့ နားပင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ အပူနဲ့ စားရင်တာမှ အဲဒီပိုးမွှားတွေကို ‌ေ-သလောက်အောင် အပူချိန် မမြင့်မားရင် ကူးစက်နိုင်ခြေ ရှိပါတယ်။

(၂) အမဲအူကြမ်း – လူတော်တော်များများက ဝမ်းတွင်းသားအစိတ်အပိုင်းကို အရမ်းကြိုက်ကြတယ်။ ပိုဖြူလေ ပိုစားဖို့ကောင်းပေမယ့် တကယ်တော့ ဝမ်းတွင်းသားက အရောင်တော်တော်နက်ပါတယ်။ ဒါပေမယ့် အဖြူရောက်တဲ့အထိ ဆေးချွတ်ထားပြီး ကြည့်ရတာစားဖို့ ကောင်းစေပါတယ်။

အရောင်ချွတ်ဆေးကို အများကြီး စားမိတဲ့သူတွေက အသက်ရှုရခက်သည်အထိ အထူးသဖြင့်အရောင်ချွတ်ဆေးနှင့် ဓါတ်မတည့်သူများတွင် သွေးပေါင်ကျခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း (သို့မဟုတ်) မွေးရာပါ ပန်းနာရင်ကျပ်ဝေဒနာရှင်တွေကို ရောဂါပိုဆိုးပြီး သတိလစ်မေ့မြောခြင်း (သို့မဟုတ်) ‌ေ-သဆုံးခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

(၃) ပင်လယ်စာ – အရည်အသွေးညံ့တဲ့ ပင်လယ်စာတွေကို ကြာရှည်ခံစေဖို့ ဖော်မလင်ကို အသုံးပြုခြင်းဖြင့်ပင်လယ်စာများကို ထိန်းသိမ်းတယ်ဆိုတာ လူတော်တော်များများ သိကြမှာပါ။ ဖော်မလင်များစွာပ ါဝင်သည့်ပင်လယ်စာများကို စားမိပါက ကျောက်ကပ်လုပ်ဆောင်ချက်နဲ့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ကျရောဂါလက္ခဏာများ ဖြစ်စေနိုင်ပါတယ်။ ဖော်မလင်နဲ့ မတည့်လျှင် ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် ‌ေ-သဆုံးခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၄) ပြုပြင်ထားသော အစားအစာ – လက်ချားပါရှိနိုင်သည့် ဝက်အူချောင်းများနှင့် အသားလုံးများကို လူများစွာနှစ်သက်ကြသည်။ ထိုအစားအစာများကို ကြွပ်ဆတ်ပြီး အရသာရှိစေရန် လက်ချားထည့်ထားပြီး ဒီဓာတ်တွေအများကြီးရရင် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည်။ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုဖြစ်စေနိုင်ပါတယ် သို့မဟုတ် ဦးနှောက်၏ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။

မူကထကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လိုစားရမလဲဆိုတဲ့ အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်-

(၁) ဝက်သားကင်စားရင် လှီးထားတဲ့အသားတွေက ထူထူပါးပါးလှီးထားပြီး အပြင်ဘက်အစွန်းများကို ကြည့်ရုံဖြင့် ကျက်ပြီလို့ မဆိုလိုပါ။ အလယ်မှ အသားကို ကျက်မကျက် ဇွန်းဖြင့် လှီးဖြတ်ပြီး စစ်ဆေးသုံးသင့်ရန် လိုပါတယ်။

(၂) အသားစိမ်းတွေက ပိုးတွေကာကွယ်ရန် စားတဲ့တူနဲ့ ကင်မဲ့အသားတုံးများကို ယူတဲ့တူ သီးသန့်ခွဲထားသင့်ပါတယ်။ (၃) အစားစာများ ကျက်မကျက် သတိပြုရန် ဖြည်းဖြည်းစားသင့်တယ်။ ဒါပေမယ့် လူအများစုကတော့ ဘူဖေးပုံစံနဲ့ မြန်မြန်စားလေ့ ရှိကြပါတယ်။

(၄) အိမ်မှာ ချက်ပြုတ်တဲ့အခါ အကင်အိုးကို ရေစိမ်ထားခြင်းဖြင့် သန့်စင်ပေးသင့်ပါတယ် သို့မဟုတ်ဆပ်ပြာရည်တွင် စိမ်ပြီး ဆေးကြောသန့်စင်ပါ။ ပြီးလျှင် ပြန်အသုံးမပြုမီ အနည်းဆုံး ၄ နာရီကနေ ၈ နာရီကြာနေရောင်လှန်းထားပါ။

သို့သော်လည်း စားသောက်ဆိုင်တိုင်း၏ မူကထကင်သည် အန္တရာယ်ရှိသည်ဟုမဆိုလိုပါ။ အစားမစားခင်မှာ အစားအသောက် အရည်အသွေးကောင်းပြီး တကိုယ်ရေ သန့်ရှင်းမှုရှိတဲ့ စားသောက်ဆိုင်ကို ရွေးချယ်သင့်ပါတယ်။ ပြီးတော့ အရေးအကြီးဆုံးကတော့ မျှတအောင် စားသင့်ပါတယ်။ ပိုက်ဆံနဲ့ မတန်မချင်း မဆန့်မပြဲ မစားပါနဲ့။ အသားနဲ့ အသီးအရွက်နှစ်မျိုးလုံးကို ရွေးချယ်စားပါ။ ပြီးတော့ လေ့ကျင့်ခန်းကိုလည်း မှန်မှန်လုပ်ပါ။ (Mingalapar)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page