လေဆင်နှာမောင်း ဝင်မွှေသွားတဲ့ မွန်ပြည်နယ်ပေါင်မြို့နယ်က ဝမ်းနည်းဖွယ်မြင်ကွင်းများ

လေဆင်နှာမောင်းလမ်းကြောင်းမလွတ်တဲ့ ပေါင်မြို့နယ်၊ ယနေ့ (24.5.2022) နေ့လည်လောက်က ပေါင်မြို့နယ် အလှပ်ကျေးရွာကို လေဆင်နှာမောင်း ဝင်မွှေသွားတာ အိမ်ခြေ (၁၀၀) လောက် ပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံးဆိုးဆိုးရွားရွားပျက်စီးသွားတယ်လို့ ကနဦးသတင်းရပါတယ်။

ကျွန်တော်သတိထားမိသလောက် ပေါင်မြို့နယ်မှာ လေဆင်နှာမောင်း ထိတယ်ဆိုတာနဲ့ အများစု အလှပ် နဲ့ ဇင်းကျိုက်တွေထိတာများတယ်။ ခုကတော့ အလှပ်ကျေးရွာ ထိတာပါ။

လေဆင်နှာမောင်းဟာလဲ သဘာဝဘေးပဲမို့ သတိထား သင့်ပါတယ်။ အထူးသဖြင့် ပုံမှန်လိုထိနေတဲ့ လမ်းကြောင်း သင့်တဲ့ ရွာတွေပေါ့။

မော်လမြိုင်မှာဆို ငန်းတေး ရပ်ကွက်လိုမျိုးဆို လေဆင်နှာမောင်း လမ်းကြောင်းသင့်တာတွေရှိတယ်။ ကျွန်တော် ကယ်ဆယ်ရေးသမားလုပ်ခဲ့တဲ့ အတွေ့အကြုံ အရ မှတ်တမ်းတင်ထားမိတာလေးတွေပါ။ ဓါတ်ပုံ – ယနေ့ အလှပ်ကျေးရွာ လေဆင်နှာမောင်းထိပြီး နောက် ပျက်စီးခဲ့ပုံအချို့ (ဇင်မျိုး-24.5.2022)

မုတ်သုံရာသီ မိုးတွင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေက အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ မိုးလေဝသသတင်းတွေကို အမြဲမပြတ် ဖတ်ရှုပြီး ကြိုတင်ပြင်ဆင်ထားကြပါ ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page