စားအုန်းဆီ တပိဿာ ၁၀၀၀၀ ဖြစ်ပြီ (ရောင်းစရာ ဆီရှိပေမယ့် ဝယ်စရာ ငွေမရှိတဲ့ ပြည်သူတွေအဖြစ်)

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၀၀၀၀ ကျပ်နီးပါးအထိ ပြန်လည် မြင့်တက်သွားကြောင်း သိရပါတယ်။

ပြည်တွင်းရှိ စားအုန်းဆီဈေးနှုန်းသည် အကျဘက်သို့ ရောက်ရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ယခင်ဈေးနှုန်းထက် ၃,၀၀၀ ကျော်မြင့်တက်လာခြင်းဖြစ်ပါတယ်။

စကစ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းအား ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၄,၂၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ယခင်က စားအုန်းဆီ ပြတ်တောက်မှုကြောင့် ဈေးတက်တာ ဖြစ်ပေမယ့် ယခုအချိန်မှာ ရောင်းစရာ လက်ကျန် စာအုန်းဆီများ ရှိနေသေးသော်လည်း မြန်မာငွေ တန်ဖိုးလျော့ကျမှုကြောင့် စားအုန်းဆီဈေးတွေ တက်လာတာ ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူများက မှတ်ချက်ပြုကြပါတယ်။

လက်ရှိအချိန်မှာ အလုပ်အကိုင် ရှားပါးမှုနဲ့ လုပ်ခလစာ လျော့နည်းလာပြီး အခြေခံစားသောက်ကုန်များ ဈေးကြီးလာတာကြောင့် ပြည်သူများ အနေနဲ့ ပိုမိုကျပ်တည်းလာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ကြီးလေးစွာ ခံစားနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page