နဂါးပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုတခုကို ရခိုင် မာန်အောင်မြို့ မီးတောင်ကျွန်းအနီးတွင် တွေ့ရှိ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မီးတောင်ကျွန်းအနီး၌ နဂါးဦးခေါင်း၊ နဂါးအရိုးစုနှင့် ဆင်တူသည်ဟု ယူဆ ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။
ရုပ်ကြွင်းဖြစ်နိုင်ကြောင်း၊ တူးဖော်ပြီးတဲ့နောက် ဆရာတော်က ထိန်းသိမ်းထားကြောင်း၊ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ ကိုယ်ခန္ဓာ အလျား ၇၇ ပေ ရှည်ပြီး၊ မြွေဦးခေါင်းနဲ့ ပုံစံတူကြောင်း၊ ထူးခြားချက်မှာ ဦးခေါင်း၌ ချိုပါဝင်နေတာ ဖြစ်ကြောင်း၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀၀ ကျော်ကလို့ ခန့်မှန်းထားကြောင်း မီးတောင်ကျွန်း ဒေသခံတဦးက ပြောပါတယ်။
ယင်းဖြစ်စဉ်အပေါ် ထပ်မံ အတည်ပြုချက် ရယူရန် ရခိုင်ပြည်နယ်အစိုးရ၏ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ဘူးလို့ သိရပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းပုံကို ကြည့်၍ တချို့ကလည်း အတုဖြစ်နိုင်ကြောင်း တကယ့်ရုပ်ကြွင်းဆို အဲဒီလို တဆက်ထဲ တွေ့နိုင်ဖို့ ခဲယဉ်ကြောင်း၊ နှစ်သန်းပေါင်း ၂၅၀၀ က ကျောရိုးရှိသတ္တဝါများ မပေါ်နိုင်သေးကြောင်း သုံးသပ် ထောက်ပြ ထားပါတယ်။
ယုံကြည်သူတချို့ကလည်း နဂါးအရိုး ဖြစ်နိုင်ကြောင်း သုံးသပ်ပြီး တအံ့တဩ ဖြစ်နေကြကြောင်း သိရပါတယ်။