ကားရော ကားပိုင်ရှင်ပါ တခါတည်းပါသွားတဲ့ ထူးထူးခြားခြား ကားခိုးမှုရဲ့ နောက်ကွယ်က အကြောင်းရင်း

ကို အရည်ကြိုရေ၊ အကိုရေ ဒီနေ့ ကားလုခံလိုက်ရလို့ အကူညီလေး တောင်းချင်လို့ပါရှင့်..ကျေးဇူးပြုပြီး ကူညီပေးပါဦးရှင့်..

ကားက Honda Fit Black, 4i- 1215 ပါရှင့်။ 22.5.22 ဒီနေ့ မနက် 11 နာရီကျော်လောက်က ညီမကောင်လေးက ကားမောင်းပြီး ညီမက ဘေးခုံမှာ ထိုင်ပါတယ်။ လသာ ၂၃ လမ်းနဲ့ ၂၄ လမ်း ကြားမှာ electronic ဝယ်ဖို့ဆိုပြီး ညီမကောင်လေးက ဆင်းသွားပြီး ညီမက ကားပေါ်မှာ မှန်ပိတ်ထားတယ် air con ဖွင့်ထားတယ် တံခါး lock မချမိဘူး။

၁၀ မိနစ်လောက်နေတော့ အမည်မသိ အမျိုးသားက ဝင်လာပြီး ယာဉ်မောင်းခုံပေါ်မှာ ထိုင်ပါတယ်ရှင့်။ သူကားချက်ချင်းမောင်းမယ်လုပ်တော့ ညီမလဲ တွေဝေပြီး ပါသွားပါတယ်။ ညီမကို ဘုရင့်နောင်လမ်းမပေါ် သီရိမဂ်လာစျေးသစ် အကျော်လေးမှာ ချပေးပြီး ကားကို ဘုရင့်နောင်လမ်းအတိုင်း မောင်းထွက်သွားပါတယ်။

ကျေးဇူးပြု၍ ကူညီပေးပါဦးရှင်။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ သတင်းပေးသူအားကျေးဇူးဆပ်ပါမည်။ (095096850 ကျော့ဖြူစံ)

အရည်ကြို – ကားသူခိုးပုံက ဘယ်လိုပုံလဲ။ ကောင်မလေး – Mask တက်ထားတယ် ပိန်တယ် အသားလတ်တယ် ဗမာဖြစ်ဖို့များတယ် ဆံပင်စီးထားတဲ့ပုံ ဦးထုပ် အမဲမကျ မီးခိုးမကျ ဆောင်းထားတယ် အဝတ်အစားတွေကလဲ မီးခိုးရောင် ပုံစံလေးတွေ မျက်မှန်မပါ

အရည်ကြို -ဘာလို့ အဝေးကြီးထိပါသွားရတာလဲ။ လမ်းမှာ မအော်ဘူးလား အေးအေးဆေးလိုက်သွားတာလား တစ်မျိုးကြီးဘဲ သူများတွေစာဖတ်ပီးပြောနေကြပြီ။ ကောင်မလေး – ဟုတ် ကားပေါ်မှာ ၄ သိန်းနဲ့ android ဖုန်းလေး သူ့ကို ပေးတယ်။ သူ့ပုံစံက မရဲတရဲနဲ့ လွယ်လို့ လုပ်လိုက်တဲ့ သဘော ဖြစ်နေတယ် ပိုက်ဆံလဲ ပေးပြီးပြီ ကတိတည်ပြီး လမ်းဘေးနားချပြီး ရပ်ပေးပါပေါ့နော်။

သူက ညီမ အော်မှာဆိုးလို့ ရှင်းတဲ့နေရာ ရောက်တာနဲ့ ရပ်ပေးမယ်ဆိုပြီး တောက်လျှောက်ပါသွားတာ အတင်းတောင်းဆိုတော့မှ ဘုရင့်နောင်မှာ ရပ်ပေးတာ မဟုတ်ရင် မြို့ပြင်ထိ ပါသွားနိုင်တယ်။

အရည်ကြို – ကားပြန်တွေ့ရင် ရှက်လို့ဆိုပြီး ပို့စ်ဖျက်ခိုင်းမှာလား။ ကောင်မလေး- ဟုတ် အကို မဖျက်ခိုင်းပါဘူး တွေ့ပြီဆို Edit နဲ့ပဲ တွေ့ပါပြီ လို့ ရေးပေးပါမယ်။ အကို ကူညီပေးတာပဲ ကျေးဇူးတင်လှပါပြီ။

မေး – အရည်ကြို – နောက်ဘဲ (သို့) ညီမဘဲ များဖြစ်နေမလား ဖြေ – ကောင်မလေး – မဆိုးပါဘူးရှင့် ညီမမှာ ဘဲ တစ်ယောက်ပဲ ရှိပါတယ် 11 နှစ်တွဲလာတာ နောက်ဘဲတွေလဲ မရှိပါဘူး အကို ..အကို မေးတာလဲ နားလည်ပါတယ် လိုအပ်တာ မေးပါ ရပါတယ် အကို

Leave a Reply

Your email address will not be published.

x

You cannot copy content of this page