လူရွှင်တော်ကြီး ဇာဂနာနဲ့ ဆရာကြီး မင်းသိင်္ခတို့ရဲ့ အင်းစိန်ထောင်တွင်းက လူမသိတဲ့ အဖြစ်အပျက်တခု

၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲမှာ အန်နယ်ဒီက အပြတ်အသတ်နိုင်ပြီးတဲ့နောက် အင်းစိန်ထောင်အတွင်းမှာ အုတ်ရိုးသတင်းတွေ အုတ်ရိုးကောလာဟလ တွေအကြီးအကျယ် ပြန့်နှံ့ခဲ့ပါတယ်။ ချက်ခြင်းပဲ အန်နယ်ဒီကို အာဏာလွှဲတော့မလို စစ်တပ်ကပဲ စစ်တပ်လျားပြန်တော့မလိုလိုစတဲ့ သတင်းတွေထက် ထောင်စကားနဲ့ပြောရရင် လွတ်ကြောင်သတင်းတွေကလည်း အကြီးအကျယ် ပျံ့နှံ့နေပါတယ်။

ခုချက်ခြင်းပဲ ထောင်ခါတော့မလို မိုးလင်းရင်ပဲ အဖမ်းခံထားရတဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးတော့မလိုလိုနဲ့ အင်မတန် ရင်ခုန်ခဲ့ရတဲ့ နေ့ရက်များပါပဲ။ ဒီကြားထဲ ထောင်ပိုင်ဘိုကြည်နဲ့ ဒုညွှန်ကြားရေးမှုးချုပ် ဒုတိယဗိုလ်မှုးကြီးအုံးဟန်ကလည်း အပေါ်ပင်နီအကျီ အောက်က ကချင်ပုဆိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လိုက်လံ နှုတ်ဆက်နေချိန်လည်း ဖြစ်ပါတယ်။

အဲဒီလို ကောလာဟလတွေ ပလူပျံနေချိန်မှာပဲ အဘခ (ဆရာမင်းသိင်္ခ)ရဲ့ ဟောစာတမ်းတခုကလည်း အင်းစိန်ထောင်ထဲမှာ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အခုလာမယ့် တန်ဆောင်မုန်းလပြည့်နေ့ကျော်လို့မှ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်ဘူးဆိုရင် သူ့လျှာကို သူြ-တ်မယ်ဆိုတဲ့ သတင်းပါပဲ။

အားလုံးကလည်း မင်းသိင်္ခဟောစတမ်းဆိုတော့ ရှိတဲ့စောင်တွေ အဝတ်အစားတွေ ပေးပစ်သူက ပေးပစ် လွတ်တော့မှာကိုး ဒီလိုပဲ တွေးတဲ့သူကတွေးနေတုန်းမှာပဲ အဲဒီဟောစတမ်းကို ပထမဆုံးသွားစသူက နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ အန်ကယ် ဦးရဲထွန်းပါပဲ။

သူက ဦးအောင်ထွန်းရာ ခင်ဗျားမှာ လျှာများအပိုပါလေရော့ သလားဆိုတဲ့စကားနဲ့ ဆရာခကို သွားစခဲ့ဖူးပါတယ်။ဒါပေမယ့် ဆရာခကတော့ ဘာမှပြန်မပြော စီးကရက်သောက်မပျက်ပါပဲ။ ဒီလိုနဲ့ ဆရာခပြောတဲ့ တန်ဆောင်မုန်းလပြည့်နေ့လည်းကျော် ဘယ်သူမှလည်းမလွတ်ပဲ ၅ရက်လောက်အကြာမှာတော့ ဝန်ထမ်းတယောက်က ဆရာခဆီကို စက္ကူခေါက်လေးတခေါက်လာပေးပြီး ကိုသူရ(ဇာဂနာ)က ပို့ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

စက္ကူခေါက်ကို ဖွင့်ကြည့်လိုက်တဲ့အခါ ဘာစာမှမရေးထားပဲ ဘရိတ်ဒါး အကျိုးလေးတချောင်း သာတွေ့ရှိခဲ့ရပါတယ်။ ဆရာခကတော့ ဘာမှမပြောပဲ စီးကရက်သောက်လျက်ပါပဲ။ နောက် ရက်အနည်းငယ်အကြာမှာတော့ ကိုသူရ(ဇါဂနာ)ဆီကို ခုနက ဝန်ထမ်းကပဲ ဆရာမင်းသိင်္ခက ပေးခိုင်းလို့ပါလို့ဆိုပြီး စက္ကူခေါက်လေးတခု လာပေးပြန်ပါတယ်။

ကိုဇာဂနာလည်း စက္ကူခေါက်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါ ဆရာမင်းသိင်္ခရဲ့ စာတကြောင်း၊ ရေးထားတဲ့စာက “ဗေဒင်ဆရာဆိုတာ ပိုက်ဆံပေးပြီး မမေးမချင်း မှားခွင့်ရှိတယ်၊ မင်းသိင်္ခ” တခါကဖြစ်ပါသည်။ ထက်ရာဇာ(နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ကိုသူရ(ဇာဂနာ)ဆီမှ အချက်အလက်တချို့ရယူပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page