လှိုင်သာယာ စကစကျောင်းက သူငယ်တန်းကလေးငယ်တဦးရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ် (ဘယ်သူ တာဝန်ခံမှာလဲ)

လိူင်သာယာမြို့နယ် အ.ထ.က ၁၀ ကျောင်းမှာ KG သူငယ်တန်း ကလေး (မိန်းကလေး) တစ်ယောက် အိမ်သာထဲ ပိတ်မိပြီး သေဆုံးသွားတာကို ကျောင်းရဲ့ ပုံရိပ် ကျမှာစိုးလို့ ဆိုပြီး သတင်းဖုံးထားတယ်။

လူတစ်ယောက်သေတာ အထူးသဖြင့် KG သူငယ်တန်း ကလေးတစ်ယောက် သေဆုံးတာပါ။ မသေဆုံးခင် ကလေးဘယ်လောက်ကြောက်နေလိုက်မလဲ။ ဆရာ၊ဆရာမဆိုတာ KG သူငယ်တန်းကလေး အိမ်သာ သွားပြီဆို အခြားကလေးတွေထက် ပိုပြီး အရမ်း သတိထားရတယ်။ ဘယ်အချိန်သွားတယ်။ ဘယ်လောက်ကြာနေပြီဆိုတာ မျက်ခြေမပြတ်ရဘူး။

KG သူငယ်တန်း ဆိုတာ ဘာမှ မသိတဲ့ အရွယ်တွေ၊ ပြဿနာ ဖြစ်လာရင် ဘယ်လိုမှ ရင်ဆိုင်ဖြေရှင်းတာ မလုပ်နိုင်ဘူး။ ကိုယ့် မျက်စိအောက်က အပျောက်မခံရဘူး။ မိခင်တစ်ယောက်လို အမြဲ ဂရုစိုက်ပေးရတယ်။

ကိုယ်တွေ KG သူငယ်တန်းကို တာဝန်ယူရတုန်းကဆို ကျောင်းတက်၊ မုန့်စား၊ နေ့လယ်၊ သုံးကြိမ် အခန်းထဲမချန် အကုန်လုံး အိမ်သာကို ကိစ္စအပြီး အတန်းထဲပြန်ရောက်တဲ့အထိ အနားကမခွါဘူး။ ကြားပေါက် သွားချင်တဲ့ကလေး ရှိရင် အခြားဆရာမကို အခန်းကြည့်ပေးဖို့ အကူညီယူပြီး ကိုယ်တိုင်လိုက်ပို့စောင့်ခေါ်တယ်။

ကျောင်းဆင်းရင်တောင် တစ်ဦးချင်းစီကို မိဘလက်ထဲထည့်ပေးတာ။ ဒါ အပိုပြောတာမဟုတ်ဘူး။ ကိုယ့်ကျောင်းက ဆရာ၊ ဆရာမတွေအကုန်သိတယ်။ ကလေးတယောက်လုံး ကျောင်းဆောင်နဲ့ ဝေးတဲ့အိမ်သာကိုသွားတာ သိရဲ့နဲ့ ဆရာမက ဘာလုပ်နေလဲ? မသိဘူးမပြောနဲ့ သိကိုသိတယ်။

အချိန်တစ်ခုထိ ကလေးပြန်မရောက်တာရော လိုက်မကြည့်ဘူးလား။ ဘာလုပ်နေလဲ။ ဖြစ်လာမှ ဖုံးကွယ်ရအောင် လူ့အသက်မဟုတ်ဘူးလား။ စကစ လက်အောက်မှာ လုပ်နေတဲ့ ဘမတေွများ နဂိုကတည်းက မရှိတဲ့သိက္ခာကို မအလ လိုပဲ ဟိုဟာဖုံး ဒီဟာဖုံးလုပ်ချင်နေတယ်။

နန်းစီဒီအမ် ယာယီကျောင်းအုပ်ကို သနားလို့ သိက္ခာကျမှာ စိုးလို့ ဆိုပြီး သတင်းတင်တဲ့ကလေးရဲ့ ပို့စ်ကို မျ က်ရည်ခံထိုးပြီး ဖျ က်ခိုင်းတယ်လေ။ မျက်မြင်တွေ့တဲ့ကလေးတွေတောင်ခြိမ်းခြောက်ခံရတယ်လို.လည်းသိရတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်လား။ (ဆရာမလေး မြသားသွင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page