ပင်လယ်စာ ယောင်ဆောင်ထားတဲ့ လာဘ်ငွေတွေ ယူခဲ့လို့ ရာထူးက ပြုတ်သွားတဲ့ တရုတ်ဒုဝန်ကြီး

တရုတ်ဒုဝန်ကြီးဟာ Seafood box လို့ စကားဝှက်ကုဒ်သုံးပြီး ယွမ်ငွေ သန်း (၉၀) ကျော်လာဘ်ယူခဲ့ပါတယ်။ Sun Lijun ဟာ ၂၀၂၀ အထိ တရုတ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖြစ်ပါတယ်။

ဂဏန်းနဲ့ငါးတွေထွက်တဲ့ Jiangsu ပြည်နယ်က Wang Li-ke ဆိုသူဟာ ပေကျင်းမြို့တော်မှာ ဒုဝန်ကြီး Sun Lijun ကိုလာတွေ့ရင် ပင်လယ်စာ Seafood box ကိုလက်ဆောင်ယူလာလေ့ရှိတယ်လို့ ဆိုပါတယ်။

အဲ့လိုတစ်နှစ်ကို ငါးခါလောက်လာတွေ့ပြီး Seafood box နဲ့ ဂါရဝပြုနေရာကနေ Wang Li-ke ဟာ Jiangsu ပြည်နယ်ရဲ့ ရဲချုပ်ရာထူးကို ရရှိခဲ့ပါတယ်။

Sun Lijun ရော Wang Li-ke ပါ ရာထူးက အထုတ်ခံရတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီကပါအထုတ်ခံရကာ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခံထားရပါတယ်။

Sun Lijun ဟာ ဒုဝန်ကြီးဖြစ်စဉ်မှာ မနှစ်က ဝူဟန့်မြို့က ကိုဗစ်ကူးစက်မှုကို ကိုင်တွယ်ရသူဖြစ်ပါတယ်။ သူ့ရဲ့ ပွဲတွေတက်တာ၊ ဝတ်ကောင်းစားလှနဲ့ ချမ်းသာတဲ့ပုံနေတာတွေဟာ ရှင်ကျဉ်းဖင်အတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ တရုတ်ပြည်လည်း “Seafood” ဆိုတဲ့စကားလုံးကို စကားဝှက်အဖြစ်သုံးရတာ အတော်ကြိုက်ပုံရတယ်နော်။

Richard Myo Thant
17-January -2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page