လာမယ့် (၃) ရက်အတွင်း မိုးကြီးပြီး မြစ်ရေအန္တရာယ် စိုးရိမ်ရတဲ့ ဒေသများ (ဂရုစိုက်ကြပါ)

တရုတ်ပြည် ကွမ်ကျိုးပြည်နယ်နဲ့ ယူနန်ပြည်နယ်တွေကို ဖြတ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကို ရွေ့လျားလာတဲ့ တိမ်တိုက်ကြီးက ဇွန်လ ၂၂ ရက် ည ၂၃၃၀ နာရီမှာ ကချင်ပြည်နယ်ကို စ ဝင်လာတာတွေ့ရပါတယ်။

ဒီတိမ်တိုက်ကြီးရွေ့လျားမှုကြောင့် ကချင်ပြည်နည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုအချိန်ကစ ပြီး ဇွန်လကုန်အထိ မိုးက တောက်လျှောက်များတော့မှာဖြစ်ပြီး၊

၃ ရက်အတွင်း မိုးရေချိန် ၅ လက်မအထက် ၆ လက်မကျော်အထိရွာနိုင်မှာ ကို ECMWF model ကြိုတင်ခန့်မှန်းချက်မှာ ခန့်မှန်းထားပါတယ်။

Microwave Image တွေအရ မြစ်ကြီးနားအောက်ဘက် တာလောကြီးမှာလဲ ဧရာဝတီမြစ်ရေက ဒီနေ့မနက်မှာ Flood Magnitude 0 အောက်မှာ ရှိခဲ့ပေမဲ့ ည ၂၃၃၀ နာရီမှာ Flood magnitude 3.34 အထိ တက်လာတာတွေ့ရပါတယ်။

ရွှေကူမြို့ အထိ စိုးရိမ်ရေမှတ်ရောက်နေပြီဖြစ်တဲ့ ဧရာဝတီမြစ်ရေဟာ အောက်ဘက်မြစ်တစ်လျှောက်ဆက်ဆင်းလာပြီး မန္တလေးအထိ မြို့ကြီးတွေမှာ မြစ်ရေမြင့်တက်လာမဲ့ အခြေအနေဖြစ်တာကြောင့် မြစ်ကမ်းအနီးနေထိုင်ကြတဲ့ပြည်သူများ သတိပြုနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။ (Win Naing)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page