ရန်ကုန် မြို့လယ်ခေါင် ဘူတာကြီးနားမှာ ပေါ်တင်ကျူးလွန်နေတဲ့ ဒုစရိုက်သမားများ

ရန်ကုန် မြို့လယ်ခေါင်မှာ ပေါ်တင်ကျူးလွန်နေတဲ့ ဒုစရိုက်သမားတွေ အကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးရဲ့ အတွေ့အကြုံကို ပြန်လည်ဖော်ပြလိုက်ပါတယ်-

ရှောင်ကြပါ ဘူတာကြီးဂုံးတံတားနား ဒုစရိုက်သမားများကျင်လည် ကျက်စားနေပါသည်။ ကျွန်တော် ဘူတာကြီးထဲ ပစ္စည်းပို့ရန် အသွား အလွယ်တကူ ဗိုလ်ချုပ်လမ်းပေါ် ကားရပ်ပြီး ဂုံးပေါ်တက် ဘူတာကြီးထဲသို့ လမ်းလျှောက်သွားခဲ့သည်။

အသွားထဲက အဲ့နားက လူအုပ် ၁၅ ယောက်လောက်ကို မသင်္ကာလို့ သံဗုဒ္ဓေ ဂါထာလေးတောင် ရွက်သွားခဲ့သေး၊ အပြန်လာကျတော့ ကောင်မလေး ၃ ယောက်က ကိုယ့်အသား ၁ ခုခုကို ထိဖို့ကြိုးစားရင်း လိပ်စာမေးပါသည်။

အစထဲက မသင်္ကာတာမို့ အသားအထိမခံပဲ ရှောင်ရင်းတိမ်းရင်း အဲ့နားက လူတွေ မေးပါလားလို့ ပြန်ပြောရင်း ထိုင်နေတဲ့ ကောင်က သွားမရအောင် ကာထားလိုက်လို့ အော်အပြော ကျွန်တော်လည်း အသည်းအသန်ဆင်းပြေးခဲ့ပါသည်။

ကားနားရောက်မှ ဓာတ်ပုံခိုးရိုက်ပြီး နောက်လူတွေ ရှောင်ရအောင် သတိပေးခြင်းဖြစ်ပါသည်။ မှတ်ချက်။ အိမ်ရောက်တာနဲ့ နားထဲက နားကပ်ကအစ အကုန်ချွတ်ပါတော့မည်။ အော်လူတွေလူတွေ နောက်ဆို ငါလည်း ဘာမှ မဝတ်ဘဲ လမ်းထွက်ရတော့မလားပဲ။ နေပူထဲ ပြေးလိုက်ရတာ မောထှာ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page