အုန်းနို့ခေါက်ဆွဲ စားရင် တမလွန် ရောက်မယ်လို့ အခုထိ ထင်နေကြတုန်းပဲလား

ကျနော် အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်ပါတယ်။ နို့နဲ့ချက်တဲ့ အတုကို မစားပါ။ အုန်းနို့ဟာ လူကို အန္တရယ်ဖြစ်စေလား – ဆရာ၀န်ကိုယ်တိုင် ရေးထားတာလေးဖတ်ကြည့်ပါ။

၄၀ ဂရမ်လောက်ရှိတဲ့ အလတ်စား အုန်းသီးတလုံးရဲ့ အုန်းဆန် နဲ့ အုန်းရေ မှာ အရွယ်သင့် လူတဦးအတွက် တနေ့ စာ လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓါတ် နဲ့ကယ်လို ရီစွမ်းအင် အပြည့်အ၀ ပါရှိပါတယ်။

အုန်းဆန်မှာ ပါ၀င်သော အဆီက ပြည့်၀ဆီ saturated fatty acid (lauric acid) ဖြစ်ပါတယ်။

ဒီ Lauric acid အဆီက High – density lipoprotein (HDL) ကို မြင့်တင်ပေးပါတယ်။ ဒါကြောင့်နှလုံး သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း ကို ကာကွယ် ပါတယ်။

အုန်းရေက လူကို လန်းဆန်းစေပြီး ရေငတ်ခြင်းကို ပြေပျောက်စေပါတယ်။ အုန်းရေမှာ သကြားဓါတ် ၊ သတ္တုဓါတ်နဲ့ electrolytes များ ပါ၀င်ပါတယ်။ ယခု လူလုပ် ဓါတ်ဆားနဲ့ တူညီပါတယ်။

အုန်းရေမှာပါတဲ့ cytokinin ဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေး သလို ၊ သွေးခဲခြင်းနဲ့ ကင်ဆာဖြစ်ခြင်း ကိုလဲ ကာကွယ်ပါတယ်။

အခုထိ တွေ့ ရတာက အုန်းသီးမှာ အန္တရာယ် ပေးမဲ့ ပစ္စည်း ရယ်လို့ မပါ ပါဘူး။ ဒါပေမဲ့ မြန်မာတွေ အကြားမှာ အုန်းသီးက လူဆိုးကြီးဖြစ်နေပါတယ်။

လူတွေက အုန်သီးဆန် ၊ အုန်းရေ ၊ အုန်နို့ ၊ အုန်းထမင်း ၊ အုန်းနို့ ခေါက်ဆွဲ စသည်တို့ကို ကြိုက်ကြပေမဲ့ ကြောက်ကြပါတယ်။ အုန်းနို့ ခေါက်ဆွဲ လို့ ပြောပြီး အုန်းနို့ မပါဘူး ၊ နို့စိမ်းနဲ့ ချက်တာလို့ ဂုဏ်လုပ် ပြောဆိုနေကြပါတယ်။

အုန်းသီးရှောင်နိုင်ရင် လူတော်လိုလို၊ ပညာရှိလိုလို ဖြစ်နေပါတယ်။ ကောင်းတဲ့ အစာကို ရှောင်နေရပါတယ် ၊
စားပါလို့ ရဲရဲလဲ မပြောဝံ့ပါဘူး။ ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာမြင့်သိန်း (Dr) Myint Thein

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page