ကျောက်ဆောင်တွေကြားမှာ တကယ့်မြွေတွေရှိတဲ့ ငွေဆောင်ကမ်းခြေက “မြွေကျွန်း”

နိုင်ငံခြားဝင်ငွေများစွာရှာဖွေပေးလျက်ရှိတဲ့ နေရာဒေသများထဲကတစ်ခုဖြစ်တဲ့ ငွေဆောင်ကမ်းခြေ မြွေကျွန်းကတော့ မြွေကျွန်းလို့ပြောတဲ့အတိုင်း တကယ့်ကျောက်ဆောင်ကျောက်ကြားတွေထဲမှာ မြွေများရှိနေတဲ့ ကျွန်းပဲ ဖြစ်ပါတယ်။

ငွေဆောင်ကမ်းခြေဟာ ရေသန့်ခြင်း၊ ကမ်းခြေလှခြင်း၊ ကမ်းခြေအလျားရှည်ခြင်းများကြောင့် ယခင်ကာလက ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်အပန်းဖြေကြလေ့ရှိပါတယ်။

ငွေဆောင်မြို့ သဇင်ကျေးရွာရှိ မြွေကျွန်းမှ ချောင်းသာကမ်းခြေသို့ Speed Boat ဖြင့် သွားလျှင် မိနစ် ၂ဝ ခန့်သာ ကြာမြင့်သည်။ သို့သော် ငွေဆောင် ကမ်းခြေနှင့် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည်များက ယခုခရီးစဉ်ကို သိရှိသူ အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။

၂ဝ၁၈ ခုနှစ်တွင် ငွေဆောင်မြွေကျွန်း နှင့် ချောင်းသာခရီးစဉ်ကို ခရီးသွားများပိုမိုသိရှိလာပြီး လာရောက်လည်ပတ်သူ များပြားလာခဲ့ပါတယ်။ ချောင်းသာ ကမ်းခြေမှ မြွေကျွန်း(သို့မဟုတ်)မြွေကျွန်းမှ ချောင်းသာ ကမ်းခြေသို့သွားရောက်ခဲ့လျှင် ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးစဉ်တစ်ခုတည်းဖြင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေအလှအပများကို ခံစားထိတွေ့ရမှာ ဖြစ်ပါတယ်။

ချောင်းသာမှ မြွေကျွန်းသို့ Speed Boat စီး၍ သွားလျှင် မိနစ် ၂ဝခန့်သာ ကြာမြင့်ပြီး မြွေကျွန်းမှ ငွေဆောင်ကမ်းခြေသို့ ဆိုင်ကယ်ကယ်ရီဖြင့်သွားလျှင် မိနစ် ၃ဝခန့်သာကြာမြင့်၍ ခရီးစဉ်တစ်ခုတည်းဖြင့် ကမ်းခြေနှစ်ခု၏ မတူညီသော သဘာဝရှုခင်းအလှအပများ ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page