ယခု တလော အဖြစ်များနေတဲ့ လူမရှိတဲ့ အိမ်တွေကို အုပ်စုလိုက် ဖောက်ထွင်းနေမှု ဖြစ်စဉ်များ

ယခုလို ကျပ်တည်းပြီး မသေချာ မရေရာတဲ့ ခေတ်ထဲမှာ ဖောက်ထွင်း ခိုးယူမှုတွေ တနေ့တခြား များပြားလာတာကို တွေ့ရပါတယ်။

ရပ်ကွက်တွေထဲက လူမနေတဲ့ အိမ်တွေကို ဖောက်ထွင်းမယ့်သူခိုးတွေက ကြိုတင်လေ့လာပြီး လူခြေတိတ်မှ အိမ်ထဲမှာ ရှိသမျှ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ သွားကြတာ ဖြစ်ပါတယ်။

သူခိုးတွေမှာ ဟိုက်ဂျက်လို ဝန်သယ်နိုင်တဲ့ ကားမျိုး ပါလာပြီး အိမ်ထဲကနေ ခွာယူလို့ရတဲ့ ပစ္စည်းများ အထူးသဖြင့် ရေစက်၊ သံဗန်းတံခါး၊ စက်ဘီး၊ မီးဖို စတဲ့ ပစ္စည်းတွေကို ခိုးယူသွားကြတာ တွေ့ရပါတယ်။ အခုလည်း အဲဒီလို ဖောက်ထွင်းခြင်း ခံလိုက်ရတဲ့ မြောက်ဒဂုံက ဖြစ်စဉ် တခုကို ဖော်ပြလိုက်ပါတယ်။

“မြောက်ဒဂုံမှာ သူခိုးတွေ တော်တော်လေးသောင်းကျန်းနေပါတယ်။ အရင်လက ခြံပြင်က မီးကြိုးဖြတ်ခိုးသွားတယ်။

ဒီနေ့လည်း သော့ဖျက်ပြီး ခြံထဲထိဝင်ပြီး deli ဆိုင်ကယ် တစ်စီးနဲ့ ဘက်ထရီ ဆိုင်ကယ် တစ်စီးဝင်ခိုးသွားတယ်။

ကိုယ့်လမ်းထဲမှာရော လိုင်းပေါ်မှာရော အဲ့ခွေးသူခိုးတွေ ပြဿနာက ခဏခဏကြားနေရပါတယ်။ ကိုယ်တိုင်လည်း ခံခဲ့ရပြီးပြီမို့ နောက်လူတွေ ထပ်မခံရအောင် သတိထားစေချင်ပါတယ်။

ဟိုက်ဂျက် တစ်စီး လူလေးယောက်လောက်နဲ့ ရပ်ကွက်ထဲ ပတ်ခိုးနေတာ ကြားပါတယ်။”

ယခုလို ဖောက်ထွင်းမှုတွေ မဖြစ်ဖို့ လမ်းသူလမ်းသားများ စည်းလုံးကြပါ။ ခရီးဝေးသွားမယ် ဆိုပါက ဘေးအိမ်ကို အသိပေးခဲ့ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ.

Leave a Reply

Your email address will not be published.

x

You cannot copy content of this page