ရန်ကုန်မှာ ကားတွေ ပြန်ဖမ်းဖို့ ဘဲဥတွေ စီစဉ်နေ (ထောင်ဒဏ်၊ ငွေဒဏ် အသစ်တွေပါ ပြင်ထားပါပြီ)

ယာဉ်စည်းကမ်းဖောက်ဖျက်ကာ မီးပွိုင့်တွေမှာမီးနီဖြတ်မောင်းတဲ့ယာဉ်မောင်းသူတွေကိုထိန်းချုပ်၊ မှတ်တမ်းတင်ကာ ပညာပေး အရေးယူမူတွေ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း အဆိုပါစီမံချက်ဆောင်ရွက်နေတဲ့ရန်ကုန်မြို့တော်စည်ပင်ကော်မတီကသိရပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့မော်တော်ယာဉ်မောင်းနှင်သူတွေကိုအရေးယူတဲ့ စီမံချက်ကို ရန်ကုန်မြို့တော်စည်ပင်ကော်မတီက ဦးစီးပြီး ထိန်းချုပ်၊ မှတ်တမ်း တင်ကာ မီးနီဖြတ်မောင်းတဲ့ စည်းကမ်းမဲ့ကားတွေကို မြေပြင်အဖွဲ့တွေထံ အကြောင်းကြားခြင်း၊ မြေပြင် အဖွဲ့တွေကနေ တားဆီး၊ပညာပေး၊အရေးယူခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး စည်းကမ်းမဲ့ မောင်းနှင်တဲ့ကားတွေအပေါ် အရေးယူမှုတွေကို ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန၊လမ်းနှင့် တံတားက ဝန်ထမ်းတွေ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်း စောင့်ကြည့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ဧပြီတစ်လတာကာလအတွင်းမှာလည်းစည်းကမ်းမဲ့ယာဉ်မောင်နှင်မှုတွေကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်၈၆ခုဖြစ်ပွားခဲ့ကာ၄၃ဦးကျော်သေဆုံးပြီး ၉၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ကနေသိရပါတယ်။

အထက်ပါမတော်တဆဖြစ်ရပ်များကြောင့်ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းမှာ ကားတွေကို စည်းကမ်းတကျ မောင်းနှင် ဖို့နဲ့၊မတော်တဆမှုတွေကို လျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး အသိပညာပေးမှုတွေကို တိုးမြှင့် လုပ်ဆောင် သွားဖို့ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်းမှာ မောင်းနှင်သွားလာနေတဲ့ ကိုယ်ပိုင်ကားတွေ ၊အငှား ကားတွေနဲ့ ခရီးသည်တင် YBS ကားတွေဟာ မီးပွိုင့်တွေမှာ မီးနီဖြတ်မောင်းမှုတွေ ရှိနေတာကြောင့် တား ဆီး၊ ပညာပေး၊အရေးယူမှုတွေကိုလည်း ပူးပေါင်းအဖွဲ့ဝင်တွေကလက်ရှိမှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

ယာဉ်စည်းကမ်းဖောက်ဖျက်ရင် အရေးယူမယ့် ပြစ်ဒဏ်တွေနဲ့ ထောင်ဒဏ်၊ ငွေဒဏ် ပြင်ဆင်ထားမှုတွေကို ဆက်လက် ဖော်ပြလိုက်ပါတယ် ခင်ဗျာ-

ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း၊ ထောင် သုံးလ။ အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း၊ ထောင်သုံးလ။ ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း၊ ထောင် သုံးလ။ ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ တစ်သိန်း၊ ထောင် တစ်လ။

ယာဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း၊ ထောင် တစ်လ။ တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း၊ ထောင် တစ်လ။ ယာဉ်မဆင်မခြင်မောင်း = ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း၊ ထောင် တစ်လ။ မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း = ကျူးလွန်သည့် ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း၊ ထောင် တစ်လ။

ယာဉ်မောင်းလိုင်စင်မပါ = ကျူးလွန်သည့် ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။ ယာဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်သည့်ပုဒ်မ (၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။ မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။ ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ သုံးသောင်း။

ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။ ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။ ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။ ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။

သိထားတော့ ဆောင်ရန်ရှောင်ရန် နားလည်ထားတာပေါ့။ စေတနာဖြင့် အသိပေးရခြင်း ဖြစ်ပါတယ်။ စောချစ်သူ(မင်္ဂလာဒုံ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page