အမေရိကန်ရေတပ်မှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမီးရေတပ်အရာရှိ
(၂၀၁၉ ခုနှစ်က ပို့စ်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)
အမေရိကန် ရေတပ်မှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်နေလို့ ဆုတံဆိပ်တွေ အများအပြား ရရှိခဲ့တဲ့ မြန်မာ အမျိုးသမီး မဆုရည်အောင်ရဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။
သူမဟာ အမေရိကန် ရေတပ်ရဲ့ ကုန်းရေနှစ်သွယ် စစ်ဆင်ရေး ပြုလုပ်လို့ရတဲ့ ကမ်းတက်သင်္ဘော USS John P Murtha မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
အခုဆိုရင် မဆုရည်အောင်ဟာ ရေတပ်တပ်ကြပ်ကြီး ပထမတန်း (E 7) ရာထူးကနေ ရာထူးတိုးပြီး အရာရှိ အဖြစ်သို့ ရောက် ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာတွေဟာ ကမ္ဘာ့ရဲ့ ဘယ်နေရာကိုပဲ ရောက်ရောက် အရည်အချင်း ရှိတယ်ဆိုတာ ပြသလိုက်တဲ့ သာဓက တခုပဲဖြစ်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-
Congratulations! ချစ်ညီမလတ် ဆုရည်အောင်(Ma Aung)၊ US Navy က စစ်သင်္ဘော John P Murtha သင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့ Chief Petty Officer ဖြစ်သွားပါပြီ။
Chief Petty Officer ရာထူး တက်ကြတဲ့(၆)ယောက်မှာ ဆုရည်လေး တယောက်တည်းသော မိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅) ယောက်က ယောင်္ကျားလေးတွေ ဖြစ်ပါတယ်။
အဖေ့လို သင်္ဘောသားဘဝကို မြတ်နိုးလို့ US Navy မှာ တာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့ ၈လ ရှိပါပြီ။ အလုပ်တွေ ဘယ်လို ပင်ပန်းပေမဲ့လည်း၊ မခိုမကပ်၊ တာဝန်ယူစိတ်အပြည့်နဲ့ လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာ ကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့ Sailor Of The Year၊ Sailor Of The Quarter ဆိုတဲ့ Award တွေ ရခဲ့တာလည်း (၅) ကြိမ် ရှိခဲ့ပါပြီ။
ဝမ်းသာဂုဏ်ယူမှုတွေကို အဖေနဲ့အမေ သာမက မြန်မာပြည်သူတွေအနေနဲ့လည်း ဝမ်းသာဂုဏ်ယူရအောင်မျှဝေပေးလိုက်တာပါ။
Real Roze