ယိုးဒယားမြန်မာစစ်ပွဲမှာ အရေးပါခဲ့တဲ့ တောင်ငူမြို့ရဲ့ သမိုင်းဝင် “ယိုးဒယားပေါက်” အကြောင်း

ကေတုမတီတောင်ငူမြို့အရှေ့ဘက်ကျုံးတွင် ယိုးဒယားဘုရင်ဗြနရာဇ် လာရောက်တိုက်ခိုက်စဉ်က ဖောက်သွားသော မြောင်းပေါက်တခုရှိသည်။

ဦးကလား၏ မဟာရာဇဝင်ကြီး။ တွင်းသင်းရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်များတွင် ထိုနေရာကို ”ယိုးဒယားပေါက်” ဟုခေါ်တွင်ကြောင်း ရေးသားဖော်ပြကြသည်။

သမိုင်းဖြစ်စဉ်မှာ တောင်ငူဘုရင်မင်းရဲသီဟသူသည် နောင်တော်နန္ဒဘုရင်ကို တိုက်ခိုက်ရန်အတွက် ရခိုင်ဘုရင်မင်းရာဇာကြီးထံစစ်ကူတောင်းသည်။

နန္ဒဘုရင်သည် လက်အောက်ခံဘုရင်များကို မယုံကြည်သဖြင့် ညီတော်တောင်ငူမင်း ဇင်းမယ်ဘုရင်နော်ရထာစော ညောင်ရမ်းမင်းတို့ထံမှသားတော်တဦးစီနှင့် ဆင်ကောင်းတစီးစီ သူ့ထံပေးပို့ထားရန်တောင်းဆိုသည်>

မပုန်ကန်နိုင်စေရန် ဓားစာခံတောင်းခြင်းဖြစ်သည်။ ထို့ကြောင့်တောင်ငူမင်းလည်း ရခိုင်ဘုရင်ထံ စစ်ကူတောင်းပြီး ဟံသာဝတီကိုလုပ်ကြံရာ နန္ဒဘုရင်နန်းကျလေသည်။ ထိုသတင်းကို ယိုးဒယားဘုရင်ဗြနရာဇ်(Phya Naresuon) ကြားသောအခါ ဟံသာဝတီသို့ စစ်ချီလာသည်။

တောင်ငူဘုရင်လည်း နန္ဒဘုရင်ကိုခေါ်ဆောင်ပြီ းတောင်ငူသို့ပြန်ဆုတ်ကာ စစ်ပွဲအတွက် မြို့ပြကျုံးမြောင်းပြင်ဆင်သည်။ အေဒီ ၁၆၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဗြနရာဇ်တောင်ငူသို့ ချီတက်လာပြီး ကျွဲမကူးချောင်းတွင် တပ်ချသည်။

တောင်ငူသို့ သံစေလွှတ်ပြီ း”တောင်ငူကို စစ်ပြုရန်လာခြင်း မဟုတ်။ နန္ဒဘုရင်ကို ဘုရားကဲ့သို့ ကိုးကွယ်လို၍ တောင်းရန်လာသည်” ဟုဆို၏။ တောင်ငူမင်းကလည်း သင်သာမဟုတ် ငါလည်းကိုးကွယ်မည်ဟု ပင့်ဆောင်လာသည်မပေးနိုင်ဟု ပြောလိုက်သည်။

ဗြနရာဇ်လည်း နန္ဒဘုရင်ကို မရလျှင်င ါမပြန်ဟုဆိုကာ မြို့ကို ဝိုင်းရံတိုက်ခိုက်လေသည်။ မင်းရဲသီဟသူနှင့်နတ်ရှင်နောင်တို့ ညီအကိုလေးပါးကလည်း ရွတ်ရွတ်ချွန်ချွန် ပြန်လည်တိုက်ခိုက်သည်။ တောင်ငူကျုံးများသည်ကျယ်ဝန်းပြီးရေလည်းနက်၏။

မြို့ရိုးပေါ်က အမြောက်စိန်ပြောင်း သေနတ်ပစ်ခတ်မှုလည်း များသဖြင့် မြို့ကိုမတက်နီုင်ဖြစ်နေသည်။ ရိက္ခာလုံလောက်မှုမရှိ။ ပို့လာသော ရိက္ခာလှေများကို ရခိုင်ဘုရင်တပ်များက ဖြတ်တောက်တိုက်ခိုက်သည်

ကျုံးထဲတွင်လည်း မိချောင်းများက တိုက်ခိုက်၍ မကူးနိုင်။ ထို့ကြောင့်ကျုံးရေကို တူးမြောင်းတူးပြီး ပေါင်းလောင်း(စစ်တောင်း)မြစ်ထဲသို့ ဖောက်ထုတ်သည်။

ထို့ကြောင့် ဤမြောင်းပေါက်ကို ”ယိုးဒယားပေါက်” ဟု ခေါ်ကြသည်။ နှစ်လခန့်ကြာသော် ရိက္ခာလည်းပြတ် မိုးဦးကျတော့မည်ဖြစ်၍ ယိုးဒယားမင်းဗြနရာဇ် ပြန်လည်ဆုတ်ခွာသွားသည်။

ဤနေရာတွင် အနည်းငယ်ရှင်းပြပါရစေ။ ဟံသာဝတီကျုံးထဲတွင် မိချောင်းများမွေးမြူထားသည့် အကြောင်းနိုင်ငံခြားခရီးသည်မှတ်တမ်းတွင် ဖတ်ဖူးပါသည်။

တောင်ငူမှာ မွေးထားခြင်း ရှိမရှိမသိပါ။ ၂၀၁၄ စက်တင်ဘာလက ထိုင်းဧည့်သည်တဖွဲ့ တောင်ငူလာလည်ပါသည်။ ဧည့်လမ်းညွှန် ရှမ်းအမျိုးသမီးမှာ ကျနော်၏ ဖဘမှ သူငယ်ချင်း ဖြစ်ပါသည်။

သူအကူအညီတောင်းသည်နှင့် လိုက်ပြရသည်။ နရေဆွန်ဇာတ်ကားရိုက်ကူးသူ ထိုင်းတော်ဝင်မင်းသားကြီးနှင့် ချူလာလောင်ကွန်တက္ကသိုလ် သမိုင်းပါမောက္ခ Sunait တို့ ဖြစ်နေ၍ အတော်တာဝန်ကြီးသည်။

ဒါရိုက်တာမင်းသားကြီးမှာ ချူလာလောင်ကွန်ဘုရင်ကြီး၏ မြစ်တော်သည်။ ဘုရင်ဘူမိဘော၏ ဝမ်းကွဲတော်ပါသည်။ Royal Kaytumadi hotel မှာ Breakfast စားရင်း ပဏာမဆွေးနွေးကြသည်။ Prof ဆူနိတ်ကသူတို့သွားချင်သည့်နေရာစာရင်းကို ပေးသည်။ သူက မြန်မာစာလည်း ရေးတတ်ဖတ်တတ်ပါသည်။ အဓိကကြည့်ချင်တာက ယိုးဒယားပေါက်ဖြစ်ပါသည်။

ကျုံးအပြင်ဘက်က တပါတ်ပတ်ပြသည်။ ယိုးဒယားပေါက်ကိုရ န်ကုန်မန္တလေး လမ်းဟောင်းတံတားပေါ်က ပြသရင်း သမိုင်းကိုပြောပြပါသည်။ သူ့တပည့်တွေထဲမှာ ဓာတ်ပုံဆရာအပြင် ပန်းချီဆရာလည်းပါသည်။

တခါထဲမှတ်တမ်းတင်ကြသည်။ ပြီးတော့မှ မေးခွန်းမေးပါတော့သည်။ ဘာဖြစ်လို့ ကျုံးကို ‌ဖောက်တယ်လို့ထင်ပါသလဲတဲ့? ကျုံးနက်လို့ကျယ်လို့ ဆိုတော့ နောက်တချက်ရှိသေးသတဲ့။ အဲဒါမှဒုက္ခပဲ။ ဘာလဲလို့ပြန်မေးတော့ မိချောင်းတွေကျုံးထဲမှာ မွေးထားလို့ ကူးလို့မရတာလို့ ပြောပါသည်။

ကိုယ်လည်း အသေအချာ မသိတော့ ငြိမ်နေလိုက်ရပါသည်။ နောက်မေးခွန်းတခုကလည်း ဒုက္ခပေးပါတယ်။ ဒီမြောင်းပေါက်ရဲ့ မြစ်ထဲဝင်တဲ့နေရာ ကြည့်ချင်ပါသတဲ့။

မိုးတွင်းရေကြီးချိန်မို့ သွားရတာ ဒုက္ခရောက်ပါသည်။။ မင်းသားကြီးက ၇၂ နှစ်ရှိပါပြီ။ လမ်းတွေက မကောင်းလို့ သူ့ကို ဆိုင်ကယ်ကယ်ရီပေါ်တင်ပြီး လိုက်ပြရပါသည်။

အိမ်ရောက်မှ သမိုင်းစာအုပ်တွေ ပြန်ကြည့်တယ်။ မတွေ့ဘူး နောက်ဆုံးဧချင်းဟောင်း ဆယ့်နှစ်စောင်တွဲ မင်းရဲနရာ ဧချင်းအပိုဒ် ၂၄ မှာသူတို့ပြောတာကိုတွေ့ပါသည်။

အဲဒီနှစ်က ပို့စ်တင်တော့ Zaw Myo Oo ကပြောပါတယ်။ ၁၇၉၅ ဘိုးတော်ဘုရားအမိန့်တစောင်မှာ ကျုံးထဲကိုမိချောင်းထည့်သည့် အကြောင်းတွေ့ရပါသတဲ့။ ခပေါင်းချောင်းရေလျှံရင် တောင်ငူမြို့ထဲကို ရေတခါမှမဝင်ပါဘူး။

အနောက်ဘက်ကျုံးက မြောက်ဘက်ကျုံး အရှေ့ဘက်ကျုံးကို ပတ်စီးပြီး ယိုးဒယားပေါက်ကနေ မြစ်ထဲကို စီးပါသည်။ အရပ်အခေါ်က မြစ်ကြီးပေါက်လို့ခေါ်ပါသည်။ ၂၀၁၇ တုန်းက အမျိုးသားလွှတ်တော်မှာမေးခွန်းမေးပါသည်။

တောင်ငူဒေသ၏ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းပေးရန် အစီအစဉ် ရှိမရှိ မေးသောအခါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက ဘတ်ဂျက်မရှိသေး၍ အစီအစဉ်မရှိသေးပါတဲ့။ ဒါပေမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရ အကူအညီနှင့် တတ်နိုင်သမျှထိန်းသိမ်းပေးပါမည်။

ထိုအပတ်လွှတ်တော်နားချိန်တွင် တိုင်းရှေးသုဌာနမှ ညွှန်ကြားရေးမှူး ကျနော့ကိုလာတွေ့ပါသည်။ မြို့ရိုးများကျုံးများတတ်နိုင်သမျှထိန်းသိမ်းပေးရန်။ ယိုးဒယားပေါက်ကို ထိန်းသိမ်းချင်ကြောင်း ပြောပြလိုက်သည်။ ၂၀၁၇-၁၈ ပြည်ထောင်စုဘတ်ဂျက်တွင် ယိုးဒယားပေါက်နှင့်အနောက်ဘက်မြို့ရိုး တူးဖော်ရန် ၂၂ သန်းရလာပါသည်။

သမိုင်းအစဉ်အလာကြီးသော တောင်ငူမြို့အတွက် အစိုးရထံမှ ပထမဆုံးရသောငွေဖြစ်၍ ဝမ်းသာရပါသည်။ ဘယ်တုန်းကမှ မရဘူးပါ။ ၂၀၁၉-၂၀ တိုင်းအစိုးရဘတ်ဂျက်တွင် အရှေ့ဘက်ကျုံးဆယ်ခြင်းနှင့် ကျုံးပတ်လမ်းခင်းရန် ရရှိပြီး ယိုးဒယားပေါက်တံတားနှင့် စစ်ပွဲပန်းချီကားကို ရေးဆွဲနိုင်ခဲ့ပါသည်။

Mya Thaung, Myanmar Books

Leave a Reply

Your email address will not be published.

x

You cannot copy content of this page