လနှင့် ကြာသပတေးဂြိုဟ်ကို ပူးတွဲမြင်ရမည့် ထူးခြား ဖြစ်စဉ် (လကို ကြယ်ဖောက်တော့မှာလား)

ကုမ်ရာသီမှာ​တွေ့ရမည့် လ နှင့် ဂျူပီတာ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်​နေ့ ယနေ့ ည​နေခင်းမှာ​တော့ အနောက်​တောင်အရပ် မိုးကုတ်စက်ဝိုင်းအထက် ၄၀ ဒီဂရီ​လောက်မှာ လင်းလက်​တောက်ပ​နေတဲ့ လခြမ်း​ကွေး​ကွေး​လေးနဲ့ ဂျူပီတာ (ခ) ကြာသပ​တေးဂြိုဟ် တို့ကို သာမန်မျက်စိဖြင့် မြင်​တွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ပြာသိုလဆန်း လခြမ်းဟာ အလင်းအား (-၁၀.၇) မဂ္ဂနီကျူ့ ရှိ​နေမှာဖြစ်ပြီး ဂျူပီတာဂြိုဟ်ရဲ့ အလင်းအားက​တော့ (-၂.၁) မဂ္ဂနီကျူ့ခန့် ရှိ​နေမှာပါ။

သူတို့နှစ်ခု အတူတကွ တည်ရှိ​နေမည့် ကြယ်တာရာက​တော့ Aquarius လို့​ခေါ်တဲ့ ကုမ်ရာသီ ကြယ်စုများပဲ ဖြစ်ပါတယ်။ လ နဲ့ ဂြိုဟ်​တွေဟာ ကိုယ်ပိုင်အလင်း​ရောင် မရှိကြပဲ ​နေရဲ့ အလင်း​ရောင်ပြန်မှု​ကြောင့်သာ ကျ​နော်တို့ မြင်​တွေ့ကြရတာ ဖြစ်ပါတယ်။ ထို့အတွက်​ကြောင့် ၄င်းတို့ အလင်း​ရောင် ရရှိ​နေတဲ့ဘက် အခြမ်းဟာ ​နေရှိတဲ့ ဘက်ခြမ်း လို့ ​ပြောလို့ရပါတယ်။ လကိုကြည့်လျှင် ပိုမြင်သာပါတယ်။

ဂျူပီတာ (ခ) ကြာသပ​​တေးဂြိုဟ် က​တော့ ​နေအဖွဲ့အစည်းထဲမှာ အကြီးမားဆုံး ဂြိုဟ်ကြီး တစ်ခုဖြစ်ပြီး ကမ္ဘာထက် အဆ​ပေါင်း ၁၃၀၀ ​ကျော် ကြီးမားပါတယ်။ ဂြိုဟ်ရံလ​ပေါင်း ၇၉ စင်းရှိပြီး တယ်လီစကုတ်များဖြင့် ကြည့်ရှုပါက အကြီးဆုံး လ ၄ စင်းကို မြင်​တွေ့ရနိုင်ပါတယ်။

အနာဂတ်ပညာ​ရေးအတွက် – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page