လက်ထဲမှာ ပိုက်ဆံ (၁၅၀၀) ထဲပဲ ရှိတော့လို့ ကူညီမယ့်သူကို ထိုင်စောင့်နေရတဲ့ အသက် (၈၀) အဘွားအမိုး

အဖွား…သား အဝတ်တွေ လျှော်ပြီး…ကျေးဇူးဆပ်ပါ့မယ်

အဖွား နာမည် အမိုးပေါ့…ကရင်အမျိုးသမီးကြီး၊ အသက်(၈၀)နှစ်…စကားပြော ပွင့်လင်းတယ်။ ရပ်ကွက်တည်း အဝတ်လျှော်စားတယ်တဲ့ (အရင်ကပါ)

ခု ရောဂါတွေကြောင့် ဘယ်သူမှ မခိုင်းတော့ဘူး။ ယောင်္ကျားလဲဆုံး…..သားလဲ ဆုံး၊ အဖွား သားဆီ ဖုန်းဆက်ရတာ…တကယ့်ကို ဒုက္ခရောက်ပြီ…စားစရာမရှိလို့ပါ သားရယ်။

ရောက်သွားတော့ သား လာမဲ့ရက်လေးကို အဖွား မျှော်နေတာပါ သားရယ်။ အဖွား တကယ် ဒုက္ခရောက်နေပြီ…စားစရာ မရှိလို့ပါ။ ရပ်ကွက်ကပေးတဲ့ ဆန်တလုံးနဲ့ ချက်စားနေတာပါ သားရယ်။

အဖွားလေ ခု လက်ထဲ (၁၅၀၀)ကျပ် ရှိတယ် သား။ ဒါတောင် မနက်က အဖွားကို အဝတ်လျှော်ဖို့…(၅)ထည် လာပေးတာ…အဖွား တထည် (၃၀၀)နဲ့ (၁၅၀၀)ကျပ်ရထားတာ သားရယ်။ သား လာတာ အဖွား အရမ်းပျော်တာပဲ သားရယ်။

ဟုတ် အဖွား….ရော့ ၁၀၀၀၀၀ နော် အဖွား လိုရာသုံးနော်။ အဖွား အရမ်းပျော်တာပဲ…အဖွား အိမ်လစာ (၂)သောင်းလဲ ပေးနိုင်ပြီ….အဖွား ကရင်ပါ မလိမ်ဘူး ပြတ်သားပဲ ပြောတတ်တယ်

အဖွား သား အဝတ်တွေ လျှော်ပြီ ကျေးဇူးဆပ်ပါမယ်…သား လျှော်ချင်တာ ရှိ အဖွားဆီ လာပေးနော်…အဖွား သေချာလျှော်ဖွတ်ပေးပါ့မယ်။ ဟာ မဟုတ်တာ အဖွားရယ်…ငရဲတွေကြီးကုန်မယ်။

မကြီးပါဘူး သားရယ်…သားက အဖွား ကျေးဇူးရှင်ပါ…အဖွားကို ကယိလိုက်တာပါ။ အဖွား သားတယောက် အစားရလိုက်သလိုပဲ သားရယ်။

အဖွား ဒီညတောင် အိပ်ပျော်ပါ့မလား မသိဘူး…အဖွား အရမ်းဝမ်းသာလို့ပါ သားရယ်…အဖွား အိပ်ပျော်မှာ မဟုတ်ဘူး

အဖွားဆီ သွားလှူချင်သူများ…ကျနော့်ဆီ အိမ်လိပ်စာဆက်သွယ် မေးမြန်းလို့ရပါတယ်နော် (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ

ဪ…ဒီနေ့ အဖွားဆီက ပျော်ရွှင်မှု ဝမ်းနည်းမှုများကြောင့်…ရင်ထဲ အတော်တော့ ခံစားခဲ့ရတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page