မြွေကြီးတို့ ပျော်စံရာ မရမ်းကုန်းမှာ (၈) ပေအရှည်ရှိ မြွေကြီး တကောင် ထပ်တွေ့ (၂ လမှာ ၄ ကောင်တွေ့ရှိ)

၁၀.၁၂.၂၀၂၁ ရက်နေ့၊ ၁၂ ၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ နေအိမ် ခြံဝန်းအတွင်း အရှည် (၈) ပေ၊ လုံးပတ် (၆) လက်မခန့်ရှိ စပါးအုံးမြွေ (၁) ကောင် ဝင်ရောက်နေကြောင်း

သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပြီး မင်္ဂလာဒုံစိတ္တသုခတပ်ဦးကျောင်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိပါတယ်။

မရန်းကုန်းမြို့နယ်တွင် နိုဝင်ဘာလအတွင်းကလည်း အရှည် (၁၃) ပေရှိ မြွေမောင်နှံ တစုံနဲ့ အရှည် (၁၀) ပေကျော်ရှိ အခြားမြွေတကောင်တို့ကိုလည်း ဆက်တိုက်တွေ့ရှိခဲ့ပါတယ်။

မနှစ်ကလည်း မရမ်းကုန်းတမြို့ထဲမှာတင် စပါးအုံးမြွေ (၁၀) ကောင်နီးပါး ဆက်တိုက်တွေ့ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

စပါးအုံး မြွေကြီးတွေ အမြဲတမ်းတွေ့တဲ့ မရမ်းကုန်းမြို့နယ်ထဲမှာ ကြီးမားတဲ့ မြွေသိုက်ကြီး ရှိနေနိုင်ကြောင်း ဒေသခံ ပြည်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page