မလေးရှားကို အောက်လမ်း၊ အလည်ဗီဇာနဲ့ လုံးဝမလာသင့်တဲ့အကြောင်းနဲ့ ပွဲစားတွေထည့်တဲ့ ဂျင်းများ

မလေးရှားကို အလည်နဲ့လည်းမလာကြပါနဲ့ အောက်လမ်းနဲ့လည်းမလာကြပါနဲ့။ ကုန်ကျစရိတ်တွေများပြီး ဘာမှအာမခံချက်မရှိလို့ပါ။ တွက်ပြမယ်နော်

​ကောလင်းနဲ့လာမယ်ဆို Passport ဆေးစစ် ဆေးအွန်လိုင်းတင် Agent Fee အာလုံးပေါင်းခန့်မှန်းငွေ သိန်း၂၀ ကနေ ၂၅သိန်း တရားဝင်သွားရမယ် အလုပ်တန်းဝင်ရမယ် facility ပြည့်ပြည့်စုံစုံနဲ့ နေရမယ် ဘာမှပူစရာမလိုဘူး ရောက်ပြီး မကြာခင်ဆေးစစ် ပြီးရင် ပါမစ်ကပ် ပေါ်ပေါ်တင်တင် သွားလာနေထိုင်လို့ရတယ် တရားဝင်လေနော်။

အခုအလည်နဲ့ခေါ်နေကြတာ သိန်း၃၀နီးပါး အိုကေ ပိုက်ဆံတက်နိုင်လို့ ရောက်လာပြီထား အလုပ်တွေက လက်ရှိချိန်ထိတော့ လူတွေလိုနေတာမှန်ပါတယ် အလုပ်မှာလူခံရှိလား သူဌေးကရော ပါမစ်ကပ်ပေးမယ်တဲ့လား?

မလေးရှားမှာ ပါမစ်ဆိုတာ လွယ်လွယ်နဲ့ ကပ်လို့မရပါဘူး တရားမဝင်အလုပ်သမားတွေကို ပါမစ်ကပ်ပေးတာက အချိန်နဲ့အခါနဲ့ရှိတယ် ၂၀၂၁ ၁၂ လပိုင်းကပိတ်သွားပြီ ခုထပ်ပြီး ဖွင့်ဖို့က ဘယ်အချိန်လည်း ဘယ်တော့လည်း သေချာမသိရသေးဘူး.. (တစ်ချို့သူဌေးတွေတော့ကပ်ပေးလို့ရတယ်ပြောတယ်)

ကပ်လို့ရရင်ရော ကုန်ကျစရိတ်က သူဌေးကအကုန်ခံပြီး ကပ်ပေးမှာလား၊ တစ်ယောက်တစ်ဝက်လား၊ ပါမစ်ကပ်ရင်အနည်းဆုံး မလေးရှားရင်းဂစ် ၆၀၀၀ ကျော်တယ်။

ပါမစ်အမျိုးအစားပေါ် မူတည်ပြီး စျေးတွေကွာတယ်။ ချက်ချင်းရမယ်မထင်နဲ့အုံး ရော့ဒီမှာပိုက်ဆံ ပေးပါမစ် အဲလောက်ထိမလွယ်ဘူးနော် ပါမစ်လက်ထဲမရသေးခင် ကျီးလန့်စာစားရမဲ့ဘဝ။

ဒီက ကိုလှရွှေတွေကလည်း (မလေးရှားရဲ) ပိုက်ဆံဆို တအားကြိုက်တာ သွားမငြိလိုက်နဲ့ ပိုက်ဆံသာဆောင်ထား ပါမစ်အတွက်ရင်းဂစ်၆၀၀၀၀ဆိုရင် လက်ရှိငွေစျေးနဲ့ဆို ၂၇သိန်း သူဌေးတစ်ဝက်ခံမယ်ဆိုရင်တောင် ၁၃သိန်းခွဲ အလည်လာတာက သိန်း ၃၀ ၄၃ သိန်းခွဲ တွက်သာကြည့်တော့

အောက်လမ်းကလာမယ် လမ်းကြောင်းတွေမကောင်းလို့ တစ်ခုခုဖြစ်ရင် ဘယ်သူတာဝန်ယူပေးမှာလည်း မလေးရောက်လို့ လမ်းမှာအဖမ်းခံရရင် ခေါ်ပေးတဲ့ပွဲစားအေးဂျင့်ကတာဝန်ယူပြီး ထုတ်ပေးမှာတဲ့လား (ဆုတောင်းနော်)

ဒါကြောင့် လာချင်တဲ့စိတ်တွေ အရမ်းများပြီး ဘယ်ပွဲစား ဘယ်အေးဂျင့်ကိုမှ အယုံမလွယ်နဲ့ အချိန်ခနလေးစောင့်ပြီးကောလင်းနဲ့သာလာ တစ်ချို့ပြောတယ်အလုပ်မကောင်းရင် ဘယ်လိုလုပ်မလည်းတဲ့ မလေးရှားမှာ အလုပ်တော်တော်များများက ကောင်းသင့်သလောက်ကောင်းကြပါတယ် အဓိကကိုယ့်ဘဝကိုယ်မမေ့ပဲ အလုပ်ကိုဂရုစိုက်ပြီးလုပ် သုံးသင့်တာသုံး စုသင့်တာစုရင် မြန်မာပြည်ထက် အများကြီးသာပါသေးတယ်။ အလုပ်ကောင်းရင်တောင် အလုပ်ကို အချိုးပြေပြေမလုပ်ရင် ဘယ်အဆင်ပြေပါ့မလည်းဗျာ

ပြောချင်တာက အလည်နဲ့မလာပါနဲ့ အောက်လမ်းကမလာပါနဲ့ ကောလင်းနဲ့ လာမယ်ဆိုလည်း စိတ်ချရတဲ့ အေဂျင်စီမှာပဲ အလုပ်အပ်ပါ ကြားထဲက ပွဲစားယောင်ယောင်လူတွေဆီမှာ စရံငွေအပ်တာတွေ စာအုပ်အပ်တာတွေမလုပ်ပါနဲ့ အေဂျင်စီနဲ့တိုက်ရိုက်တွေ့ပြီးမှ သေချာမေးမြန်းပြီး အလုပ်ကိုအပ်ပါ ပွင့်လင်းမြင်သာမှုရှိပါစေ

ကောလင်းတွေခေါ်တော့မှာပါ ဒါကြောင့်အချိန်ခနလေးစောင့်ပြီး စနစ်တကျသာ ပြင်ဆင်ထားပေလော့ နေရာတကာ ပွဲစားအားမကိုးနဲ့ ကိုယ်တိုင်လည်းလေ့လာပါ ပွဲစားတွေကြောင့် ဒုက္ခရောက်ရတဲ့ သူတွေ များနေလို့ပါ ပွဲစားတိုင်းကို တော့မဆိုလိုပါ တစ်ချို့ပွဲစားတွေက တာဝန်ယူမှု တာဝန်ခံမှုရှိကြတယ် ဒါပေမဲ့ရှားတယ်

မယုံဘူးဆို ကျန်တာမကြည့်နဲ့ Passport ရုံးရှေ့သွားကြည့်လိုက် ပွဲစားတွေက စာအုပ်လုပ်မဲ့သူထက်ပိုများတယ် အချက်အလက်ပြည့်စုံလို့ ကိုယ်တိုင်ဝင်လုပ် ၃၀၀၀၀ ကနေ ၄၀၀၀၀ပဲ အဲပွဲစားတွေဆီအပ်ကြည့် ၇သောင်း ၈သောင်း ၁သိန်း ၁သိန်းခွဲ အမျိုးမျိုးလုပ်စားနေကြတာ ပိုက်ဆံယူပြီး လိမ်သွားတဲ့သူတွေလည်းအများကြီး

အချက်အလက်လိုအပ်ချက်ရှိလို့ပွဲစားအပ်တာ လက်ခံလို့ရပေမဲ့ အချက်အလက်မှန်ကန်နေတာကို ပွဲစားအပ်ပြီးလုပ်တာတော့ သဘောမကျဘူး ပြောသာပြောတာပါ ပွဲစားအပ်ချင်တဲ့သူတွေက သီးသန့်ကိုရှိတာ

ကဲကဲတော်သေးပြီ ရေးရတာလက်ညောင်းတယ် ပြောမဆုံးပေါင် တောသုံးထောင်

Min Htet Akar

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page