ပုဂံ နှင့် မြောက်ဦး ဘယ်သူက ပိုရှေးကျသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေ (သမိုင်းလေ့လာမှု သီးသန့်အတွက်သာ)

သမိုင်းလေ့လာသူအတော်များများ ငြင်းခုံလေ့ရှိကြတဲ့ ပုဂံနှင့်မြောက်ဦး ဘယ်မြို့ကပိုပြီးစောသလဲ၊ ဘယ်မြို့ကပိုပြီးရှေးကျသလဲဆိုတဲ့ မေးခွန်းကို ရှင်းလင်းချင်ပါတယ်။

မြောက်ဦးမြို့ကို သက္ကရာဇ်(၇၉၂)ခု၊ အေဒီ(၁၄၃၀)တွင် ရက္ခိုင်ဘုရင် မင်းစောမွန်တည်ထောင်ခဲ့တာဖြစ်ကြောင်း ရက္ခိုင်ရာဇဝင်အဆက်ဆက်က ဆိုကြသည်။

အရှင်စန္ဒမာလာလင်္ကာရ ရေးသားပြုစုတဲ့ ရက္ခိုင်ရာဇဝင်သစ်ကျမ်း၊ ဦးအောင်သာဦး ရေးသားတဲ့ ရက္ခိုင်ရာဇဝင်၊ ဦးထွန်းရွှေခိုင် ရေးသားတဲ့ မြောက်ဦးမြို့တော် စသည့်စာအုပ်များတွင်လည်း သက္ကရာဇ် (၇၉၂)ခု၊ ရက္ခိုင်ဘုရင် မင်းစောမွန်လက်ထက်မှ မြောက်ဦးမြို့ကို တည်ထောင်ခဲ့ကြောင်း တစ်ညီတစ်ညွတ်တည်းရေးသားဖော်ပြကြသည်။

ယခုလက်ရှိ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် တွေ့မြင်နေရသော ပုဂံမြို့ဟောင်းကြီးသည် သက္ကရာဇ်(၄၀၆)ခုနှစ်၊ အေဒီ(၁၀၄၄)တွင် မြန်မာဘုရင် အနော်ရထာမင်းကြီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့ထက် နှစ်ပေါင်း ၃၀၀ ကျော် ပို၍စောပါသည်။ (၂၀၁၉)ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေနှစ်စာရင်းဝင် ရှေးဟောင်းမြို့တစ်ခုအဖြစ်လည်း သတ်မှတ်ကြေညာခဲ့သည်။

သက္ကရာဇ် (၇၉၂) ခုတွင် မြန်မာတို့သည် ပုဂံပြည်ပျက်လို့ အင်းဝမြို့ကိုတောင် တည်ထောင်‌နေခဲ့ပြီ ဖြစ်ပြီး မြန်မာဘုရင် မိုးညှင်းမင်းတရားကြီး၏ လက်ထက်ကိုတောင် ရောက်ရှိနေပြီဖြစ်သည်။

အေဒီ(၁၁) ရာစု၊ ပုဂံပြည်ကြီးတွင် မြန်မာဘုရင်တို့ အုပ်ချုပ်နေစဉ် ကာလတွင် ရက္ခိုင်ပြည်၌ မြောက်ဦးမြို့ကို မတည်ထောင်ရသေးပေ။

ဒါ့ကြောင့် ပုဂံမြို့နှင့်‌ေမြာက်ဦးမြို့ မည်သည့်မြို့ဟောင်းက ပို၍ရှေးကျသလဲဆိုရင် ပုဂံမြို့က ပို၍ရှေးကျကြောင်းပြောချင်ပါသည်။

Ye_Min_Thu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page